你现在的位置:首页 > မြန်မာဘာသာ
ယူနန်ပြည်နယ် မိုဟန်ဘူတာတွင် တရုတ်-လာအို ရထားလမ်းက နယ်စပ်တစ်လျှောက် တံခါးဖွင့်လှစ်မှု ပန်းချီကားသစ်တစ်ချပ် ရေးဆွဲ
来源:ဆင်ဟွာသတင်း时间:2026-10-29 16:37:05
"၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း" မူဘောင်တွင် "ကဏ္ဍစုံလင်ပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသော နိုင်ငံတကာသယ်ယူပို့ဆောင်ရေးလမ်းကြောင်းစနစ်ကို ပြည့်စုံကောင်းမွန်စေကာ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများ အပြန်အလှန်ချိတ်ဆက်မှုကို တွန်းအားပေးရမည်" ဟု အတိအလင်း အဆိုပြုထားသည်။ ထို့အပြင် "နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကဏ္ဍအလိုက် တိကျသော အထောက်အပံ့ ပေးအပ်ကာ နယ်စပ်ကာကွယ်ထိန်းသိမ်းရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသမှပြည်သူများ ကြွယ်ဝချမ်းသာရေး၊ နယ်စပ်လုံခြုံရေးခိုင်မာစေရေး၊ နယ်စပ်တစ်လျှောက် ဖွင့်လှစ်မှုတို့ကို စုစည်းညှိနှိုင်း တွန်းအားပေးရမည်" ဟုလည်း ဖော်ပြထားသည်။
"ရပ်ဝန်းနှင့် ပိုးလမ်းမ" အရည်အသွေးမြင့် အတူတကွပူးပေါင်းဆောင်ရွက်ရေး၏ အထင်ကရစီမံကိန်းတစ်ခုဖြစ်သော တရုတ်-လာအို ရထားလမ်းသည် လမ်းကြောင်းတစ်ခုလုံး ဖွင့်လှစ်လည်ပတ်ခဲ့သည့် ငါးနှစ်နီးပါးကာလအတွင်း စုစုပေါင်း ခရီးသည်အကြိမ်ရေ သန်း ၈၀ ကျော်ကို ပို့ဆောင်ပေးခဲ့ပြီး နိုင်ငံတကာကုန်စည်ရထားပြေးဆွဲမှု အကြိမ်ရေ ၂၅,၀၀၀ ကျော်၊ ပို့ကုန်သွင်းကုန် တန်ချိန် ၂၀.၇၇ သန်းကျော်၊ ကုန်စည်တန်ဖိုး ယွမ် ၁၀၀.၄ ဘီလီယံကျော် ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်ရထားလမ်းနယ်စပ်ဂိတ်၏ အချက်အချာနေရာဖြစ်သော မိုဟန်ဘူတာသည်လည်း လမ်းကြောင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများကို ဆက်လက်ဖော်ထုတ်ပေးလျက်ရှိသည်။ ယင်းတို့တွင် နိုင်ငံတကာခရီးသည်များက စနစ်တကျ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်များ ဖြတ်သန်းနိုင်ခြင်း၊ နယ်စပ်ဖြတ်ကျော် အမြန်ရထားများ ကူးလူးဖြတ်သန်းသွားလာနိုင်ခြင်း၊ နယ်စပ်ဂိတ်ပူးတွဲစစ်ဆေးရေးစနစ် ထိရောက်စွာလည်ပတ်ခြင်း၊ ရထားလမ်းမှ လူစီးဆင်းမှု၊ ကုန်စည်စီးဆင်းမှုနှင့် သတင်းအချက်အလက်စီးဆင်းမှုတို့ကို ယူဆောင်လာပြီး အနီးအနားရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်မှုကို သက်ရောက်မှုရှိစွာ တွန်းအားပေးကာ နယ်စပ်ဂိတ်မြို့သစ်တည်ဆောက်ရေး ပေါ်ထွန်းလာစေရန် အထောက်အကူ ပြုခြင်းတို့ ပါဝင်သည်။ စည်ကားဝပြောသော လမ်းကြောင်း၊ လူစည်ကားသည့်ဂိတ်စခန်း၊ လှပသော ကျေးလက်နှင့် ချမ်းသာကြွယ်ဝသော ပြည်သူများ ပါဝင်သော နယ်စပ်တစ်လျှောက် တံခါးဖွင့်လှစ်မှုပန်းချီကားတစ်ချပ်သည် တဖြည်းဖြည်း ပေါ်ထွက်လာပြီဖြစ်သည်။
"၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း" ကာလတွင် ဤရွှေဝါရောင်လမ်းကြောင်းသည် တရုတ်-လာအို စီးပွားကုန်သွယ်ရေးဆက်ဆံမှုနှင့် လူမှုယဉ်ကျေးမှု ဖလှယ်ရေးတို့ကို စဉ်ဆက်မပြတ် မြှင့်တင်ပေးသွားမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေးစာမျက်နှာအသစ်များကို ရေးသားသွားမည်ဖြစ်သည်။
“十五五”规划纲要明确提出:“健全多元化、韧性强的国际运输通道体系,推动跨境交通基础设施互联互通。”“分类精准支持边境地区发展,统筹推动守边固边、兴边富民、强边固防、沿边开放。”
作为高质量共建 “一带一路” 标志性工程,中老铁路全线开通运营近五年来,累计发送旅客突破8000万人次,国际货运列车开行超2.5万列、进出口货物超2077万吨、货值超1004亿元。磨憨站这座国门铁路口岸枢纽也不断释放通道红利:国际旅客有序通关、跨境动车穿梭往来、口岸联检高效运转;铁路带来人流、物流、信息流,辐射带动周边村寨发展,催生口岸新城建设。一幅通道兴、口岸旺、乡村美、百姓富的沿边开放画卷正在徐徐铺展。
“十五五”时期,这条黄金通道还将持续赋能中老经贸往来与人文交流,书写跨境合作新故事。





















