你现在的位置:首页 > မြန်မာဘာသာ

ရှန်ဟိုင်း-ယူနန် ညှိနှိုင်းတွဲဖက်ဆောင်ရွက်မှုက ပေါင်ဆန်းမြို့ လုန်ယန်ခရိုင်မှ ကော်ဖီမွှေးရနံ့ ကမ္ဘာတစ်ဝန်း မွှေးပျံ့စေရန် အထောက်အကူပြုလျက်ရှိ

来源:ဆင်ဟွာသတင်း时间:2026-10-07 14:25:55

2056090

1

ရှန်ဟိုင်း-ယူနန် ညှိနှိုင်းတွဲဖက်ဆောင်ရွက်သည့် စတင်ချိန်မှစ၍ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နှင့် ယူနန်ပြည်နယ် ပေါင်ဆန်းမြို့တို့သည် ကော်ဖီ ထုတ်လုပ်မှု-ရောင်းချမှု ချိတ်ဆက်ခြင်း၊ ထုတ်လုပ်မှုလုပ်ငန်း အဆင့်မြှင့်တင်ခြင်း စသည့် နယ်ပယ်များတွင် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်ခဲ့ရာ ကော်ဖီစေ့ အစိမ်းမှ အအေးစိမ်ထုတ်ယူ၍ အခြောက်ခံခဲထားသည့် ကော်ဖီမှုန့်အထိ ကွင်းဆက်အပြည့် ကော်ဖီထုတ်လုပ်ရေးစနစ်ကို တည်ဆောက်နိုင်ခဲ့သည်။ ကော်ဖီစေ့ အထူးအရည်အသွေးအဆင့် သတ်မှတ်ချက်ပြည့်မီမှုနှုန်း ၆၅ ရာခိုင်နှုန်းကျော်ရှိပြီး အထူးကောင်းမွန်ကုန်ချောထုတ်လုပ်မှုနှုန်းမှာမူ ၈၀ ရာခိုင်နှုန်းကျော် ရရှိထားပြီဖြစ်သည်။ စုစုပေါင်း ယွမ်သန်း ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံကာ ကော်ဖီလုပ်ငန်း အရည်အသွေးမြှင့်တင်ရေး စီမံကိန်း ၂၃ ခုကို အကောင်အထည်ဖော်ခဲ့ပြီး စိုက်ပျိုးမှုတိုးတက်ကောင်းမွန်ရေး၊ အထူးကောင်းမွန်ကုန်ချောထုတ်လုပ်ရေး၊ e-commerce တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှု၊ ကော်ဖီ-ခရီးသွားလုပ်ငန်း ပေါင်းစပ်မှုစသည့် ကွင်းဆက်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

၂၀၂၅ ခုနှစ် နှစ်ကုန်အထိ လုန်ယန်ခရိုင်တွင် ကော်ဖီစိုက်ပျိုးဧရိယာသည် တရုတ်မူ ၁.၂ သိန်းနီးပါးကျယ်ဝန်းပြီး လတ်ဆတ်သောကော်ဖီသီး နှစ်စဉ်ထွက်ရှိမှု တန်ချိန် ၂.၄ သောင်းခန့်၊ စိုက်ပျိုးရေးလုပ်ငန်း နှစ်စဉ်ထုတ်လုပ်မှုတန်ဖိုး ယွမ် ၁.၄ ဘီလီယံခန့် ရှိပြီး ကော်ဖီလုပ်ငန်းကွင်းဆက်တစ်ခုလုံး၏ နှစ်စဉ်ထုတ်လုပ်မှုတန်ဖိုး ယွမ် သန်း ၈,၀၀၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။ "ပေါင်ဆန်းကြွယ်ဝရေး" ၏ ထုတ်ကုန်သည် ကော်ဖီကို ကြားခံအဖြစ်ထားရှိကာ "ကမ္ဘာကြီးအား သင်းပျံ့သောမွှေးရနံ့ဖြင့် တွေ့ဆုံစေခြင်း" ကို အကောင်အထည်ဖော်နိုင်ခဲ့သည်။

2056091

1

沪滇协作开展以来,上海与云南省保山市在咖啡产销对接、产业升级等领域展开深度合作,已构建起从生豆到冷萃冻干粉的全链条咖啡生产加工体系,咖啡豆精品率超过65%、精深加工率80%以上;累计投入超1亿元资金、落地23个咖啡产业提质项目,覆盖种植改良、精深加工、电商直播、咖旅融合等全链条。

截至2025年底,隆阳区咖啡种植面积近12万亩,咖啡鲜果年产量约2.4万吨,农业年产值约14亿元,实现咖啡全产业链年产值约80亿元,“丰饶保山”的物产正以咖啡为媒,实现“香遇世界”的跨越。

အယ်ဒီတာ:မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ:Xu Ting

展开导航

电话:0871-65390101 地址:云南省昆明市高新区科高路1999号高新孵化君浩大厦A座9楼

滇B2-20090009 Copyright © 2019-2022昆明信息港版权所有 All rights reserved

版权所有:昆明经开区融媒体中心、昆明信息港