你现在的位置:首页 > မြန်မာဘာသာ

ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး ဝမ်နင်က အထူးဖော်ပြခဲ့၊ တံခါးဖွင့်သည့် နွေဦးမြို့တော်သည် ဤသို့ဖြစ်

来源:ရောင်စုံတိမ်တံတား时间:2026-03-10 15:58:07

缅文

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ကောင်းကင်ပြာပြာအောက်တွင် တျန်းချီရေကန်ရှိ စင်ရော်ခေါင်းမဲများ၏ အော်သံသည် တရုတ်-လာအို ရထားလမ်း၏ ဥဩသံများနှင့်အတူ ပဲ့တင်ထပ်နေသည်။ ကမ္ဘာတစ်ဝှမ်းတွင် သိုနန်ပန်းဈေး၏ ပန်းရနံ့သည် ဒစ်ဂျစ်တယ်အချက်ပြမှုများ မှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားနေသည်။ ရှေးဟောင်းတျန်းနိုင်ငံတော်၏ ယဉ်ကျေးမှုအမွေအနှစ်မှ တံခါးဖွင့်သည့် ရှေ့တန်းသို့ တစ်နှစ်ပတ်လုံး နွေဦးရာသီကဲ့သို့သော ရာသီဥတုရှိသည့် ဤမြို့သည် တောင်အာရှနှင့် အရှေ့တောင်အာရှသို့ မျက်နှာမူ တံခါးဖွင့်သည့် ရှေ့တန်းအဖြစ် သစ်လွင်သော ဟန်အမူအရာဖြင့် ကမ္ဘာသို့ ၎င်း၏ အရိုးသားဆုံးသော ဖိတ်ခေါ်မှုကို ကမ်းလှမ်းနေသည်။ ၂၀၂၆ ခုနှစ်တွင် "ကူမင်းမှ စာတစ်စောင်- နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း" လှုပ်ရှားမှု၏ နှလုံးလှုပ်ရှားဖွယ် ဖိတ်ခေါ်သံသည် တောင်များနှင့် ပင်လယ်များကို ဖြတ်ကျော်သွားနေ၍ တံခါးဖွင့်သော ကူမင်းသည် မြစ်များနှင့် ပင်လယ်များကို ဆက်သွယ်ထားသော ချောမွေ့သောလမ်းများနှင့် ကမ္ဘာကြီးကို ချိတ်ဆက်ထားသော အွန်လိုင်းများကို အဆင်သင့်ဖြစ်ပြီ ဖြစ်၍ ဤခေတ်တွင် အပြန်အလှန်ခရီးစဉ်ကို ပါဝင်ရန် သင့်ကို စောင့်မျှော်နေသည်။

မတ်လ ၃ ရက်နေ့တွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးဖြစ်သူ ဝမ်နင်က People's Daily Online ၏ အင်တာနက်အသုံးပြုသူများအား ပြန်လည်ဖြေကြားရာတွင် "ယူနန်၏ ထူးခြားသောဝိသေသလက္ခဏာများ" ကို ဖော်ပြခဲ့သည်။ သူက "ယူနန်သည် ထူးခြားသော ပထဝီဝင်တည်နေရာရှိပြီး တောင်အာရှနှင့် အရှေ့တောင်အာရှသို့ မျက်နှာမူ တံခါးဖွင့်သည့် ရှေ့တန်း ဖြစ်သည်။ တရုတ်-လာအို ရထားလမ်းတွင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး နှစ်မျိုးလုံး အရှိန်အဟုန်မြင့် တိုးတက်မှုရှိပြီး မကြာသေးမီက တည်ထောင်ခဲ့သော ကူမင်းအပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး အချက်အချာသည် ရွှေ့ဆိုင်းသောအချိန်ကို ထက်ဝက်ကျော် လျှော့ချခဲ့ပြီး ၎င်းတွင် မရေမတွက်နိုင်သော စွန့်ဦးတီထွင် အခွင့်အလမ်းများ ရှိသည်" ဟု တိတိကျကျ ထောက်ပြခဲ့သည်။

မတ်လ ၄ ရက်နေ့တွင် People's Daily သတင်းစာသည် ယူနန်၏ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးဂုဏ်ပြုသည့် စာမျက်နှာပြည့် ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ပြီး တရုတ်-လာအို ရထားလမ်း၏ "ရွှေရောင်လမ်းကြောင်းကြီး" အကျိုးသက်ရောက်မှု ဆက်လက်ထွက်ပေါ်နေခြင်းနှင့် ကူမင်းအပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး ဝင်ပေါက်နှင့် ထွက်ပေါက်ဌန၏ အပြန်အလှန်ချိတ်ဆက်မှု စသည့် ထူးချွန်သော အောင်မြင်မှုများကို အလေးပေး ဖော်ပြခဲ့သည်။

ကူမင်းမြို့အား တံခါးဖွင့်မြို့တော် ဖြစ်စေသည်ကား အဘယ်နည်း။ ၎င်း၏ မွေးရာပါ အားသာချက်ရှိသည့် တည်နေရာ၊ လက်တွေ့ကျပြီး စေတနာအပြည့်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ၎င်း၏သွေးကြောထဲတွင် စီးဆင်းနေသော အားလုံးပါဝင်နိုင်သော မျိုးရိုးဗီဇတို့ ဖြစ်သည်။ ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး၏ နှစ်နှစ်ကာကာ ထက်ထက်သန်သန်ထားရှိသော စကားနှင့် People's Daily သတင်းစာ၏ တရားဝင်ချီးကျူးစကားများသည် နိုင်ငံ၏ အလုံးစုံတံခါးဖွင့်မှု မဟာဗျူဟာတွင် ကူမင်း၏ အရေးကြီးသော တည်နေရာကို ပူးတွဲဖော်ပြခဲ့ကြသည်။ ရှေးခေတ်လက်ဖက်ကုန်သည်လမ်း (Tea Horse Road) ပေါ်ရှိ ခွာသံများ ပဲ့တင်ထပ်ခြင်းမှ တရုတ်-လာအို ရထားလမ်းပေါ်ရှိ ရထားများ မြန်မြန်ဆန်ဆန် ပြေးဆွဲခြင်းအထိ၊ ပိုးလမ်းမကြီးပေါ်ရှိ ကုလားအုတ် ခေါင်းလောင်းသံ၏ ရှေးဟောင်းအငွေ့အသက်များမှ နိုင်ငံတကာဆက်သွယ်ရေးများကို မိုးကြိုးပစ်သကဲ့သို့ မြန်ဆန်စွာ ထုတ်လွှင့်ခြင်းအထိ၊ တံခါးဖွင့်ခြင်းသည် ကူမင်း၏ အမြစ်တွယ်နေသော မြို့ပြကုဒ်နှင့် ကမ္ဘာနှင့် ဆွေးနွေးရန်အတွက် ထာဝရဘာသာစကားတို့ ဖြစ်သည်။

图片 2

တံခါးဖွင့်သည့် နွေဦးမြို့တော်၌ သံမဏိပိုးလမ်းမကြီးဖြင့် မြစ်များနှင့် ပင်လယ်များကို ဖြတ်ကျော်သည့် ခမ်းနားထည်ဝါမှုရှိခြင်း

ကူမင်းတောင်ဘူတာရုံရှိ ရထားပလက်ဖောင်းပေါ်တွင် လူအုပ်ကြီးသည် စည်ကားနေပြီး ရထားဥဩသံများလည်း အဆက်မပြတ် မြည်နေသည်၊ D87 နိုင်ငံတကာ ခရီးသည်တင်ရထားသည် မနက်ခင်းအလင်းရောင်တွင် တောင်ဘက်သို့ ဦးတည်ပြေးဆွဲနေပြီး ကူမင်း၏ နွေးထွေးမှုနှင့် ဗီယင်ကျန်း၏ ရိုးရာဓလေ့ထုံးစံများကို နီးကပ်စွာ ချိတ်ဆက်ပေးထားသည်။

၂၀၂၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခြင်း ကတည်းက ကီလိုမီတာ ၁၀၃၅ ရှည်လျားသော တရုတ်-လာအိုရထားလမ်းသည် တရုတ်နှင့် အာဆီယံတို့ကို အပြန်အလှန်ဆက်သွယ်ထားသော "ရွှေရောင်လမ်းကြောင်းကြီး" ဖြစ်လာခဲ့သည်၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး နှစ်မျိုးလုံး အရှိန်အဟုန်မြင့် တိုးတက်မှုရှိသည့် နောက်ကွယ်တွင် နိုင်ငံနှင့် ဒေသပေါင်း ၁၂၄ ခုမှ ခရီးသည် ၇ သိန်းကျော်၏ နယ်စပ်ဖြတ်ကျော် တွေ့ဆုံမှု၊ လူအကြိမ်ရေ ၆၆ သန်း၏ နွေးထွေးသော ခရီးထွက်မှု၊ နွေဦးပွဲတော် အားလပ်ရက်အတွင်း နယ်စပ်ဖြတ်ကျော် ခရီးသည်စီးဆင်းရေး၏ ၄၁.၈ ရာခိုင်နှုန်းဖြင့် သိသိသာသာ တိုးလာမှု ဖြစ်သည်။

"ရှန်ဟိုင်း-ယူနန်၊ လန်ချန်း-မဲခေါင် ရထားလမ်းကြောင်း"၊ "ကျိန့်ဟော်"၊ "ကူမင်းကုန်းတွင်းဆိပ်ကမ်း" စသည့်အမည် ဟူသော ကုန်တင်ရထား တစ်စင်းစင်းသည် ထွက်ခွာပြီး ကုန်ပစ္စည်းအမျိုးပေါင်း ၃၈၀၀ ကျော်ကို နိုင်ငံနှင့် ဒေသပေါင်း ၁၉ ခုသို့ သယ်ယူပို့ဆောင်သွားသည်။ ကုန်ပစ္စည်း တန်ချိန် ၇၂.၅ သန်း၏ စဉ်ဆက်မပြတ် ပို့ဆောင်မှုသည် "ကုန်စည်ချောမွေ့စွာ စီးဆင်းမှု" ဟူသော မျှော်လင့်ချက်ကို အကောင်အထည်ဖော်စေခဲ့သည်။

မိုဟန်၏ အသွင်ပြောင်းလဲမှုသည် ကူမင်းကို တရုတ်နိုင်ငံရှိ နယ်စပ်မျဉ်းနှင့် နယ်စပ်ဆိပ်ကမ်း နှစ်မျိုးလုံးရှိသည့် တစ်ခုတည်းသော ပြည်နယ်မြို့တော်အဖြစ် ဖြစ်လာစေခဲ့သည်၊ ယခင်က နယ်စပ်မြို့နယ်ကလေးသည် လုပ်ငန်းကုမ္ပဏီပေါင်း ၁၀၀ နီးပါး အခြေချနေထိုင်ပြီး လူဦးရေ နှစ်ဆတိုးလာကာ ရင်းနှီးမြှုပ်နှံမှု ယွမ် ၁၄ ဘီလီယံကျော်ဖြင့် တံခါးဖွင့်သည့် ရှေ့တန်းနေရာသစ်တစ်ခု ဖြစ်လာခဲ့သည်။ တရုတ်-လာအို ရထားလမ်း၏ "အစနှင့်အဆုံး အချင်းချင်းချိတ်ဆက်မှု"သည် နွေဦးမြို့တော်၏ တံခါးဖွင့်မြေပုံကို အဆက်မပြတ် တိုးချဲ့စေခဲ့ပြီး တောင်အာရှနှင့် အရှေ့တောင်အာရှသို့ မျက်နှာမူသည့် ဖြာထွက်နိုင်စွမ်းအား ပိုမိုအားကောင်းစေခဲ့သည်။

图片 5

တံခါင်းဖွင့်သည့် နွေဦးမြို့တော်၌ အွန်လိုင်းမှတစ်ဆင့် ကမ္ဘာနှင့် ချိတ်ဆက်သည့် အဆင်ပြေမှု ရှိခြင်း

တရုတ်နိုင်ငံရှိ တစ်ခုတည်းသော "နယ်စပ်ဆိပ်ကမ်း" နှင့် "ဒေတာဆိပ်ကမ်း" နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားသော ပြည်နယ်မြို့တော်အနေဖြင့် ကူမင်းအပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး ဝင်ပေါက်နှင့် ထွက်ပေါက်ဌန၏ ချိတ်ဆက်မှုသည် ကမ္ဘာအတွက် ဒစ်ဂျစ်တယ်တံတားတစ်ခုကို တည်ဆောက်ပေးခဲ့သည်။

ကူမင်းနှင့် စင်ကာပူအကြား ကုန်းပေါ်ကေဘယ်လ်၏ ပို့ဆောင်မှုအကွာအဝေးကို ကီလိုမီတာ ၃၃၀၀ လျှော့ချခဲ့ပြီး၊ ရွှေ့ဆိုင်းသောအချိန်ကို ၄၀ ရာခိုင်နှုန်းကျော် လျှော့ချခဲ့ပြီး ချို့ယွင်းချက်ပြုပြင်ချိန်ကို လမှ ရက်အထိ လျှော့ချခဲ့သည်။ ရွှေ့ဆိုင်းသောအချိန် နိမ့်ခြင်း၊ လုံခြုံရေး မြင့်မားခြင်းနှင့် ဝန်ဆောင်မှု ကောင်းမွန်ခြင်း အပါအဝင် အဓိကအားသာချက်များဖြင့် ဤ "အမျိုးသားအဆင့် ဆက်သွယ်ရေး အချက်အချာ"သည် ပြည်ပသို့ ရောက်ရှိသော ကုမ္ပဏီ ၁ သောင်းနီးပါးအတွက် ထိရောက်သော ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုကို တည်ဆောက်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ကွန်ပျူတာစွမ်းအား၊ ဒစ်ဂျစ်တယ်ဘဏ္ဍာရေးနှင့် ယဉ်ကျေးမှု ဆန်းသစ်တီထွင်မှုဆိုင်ရာ တိုက်ရိုက်ထုတ်လွှင့်မှု အိပ်မက်များကို နွေဦးမြို့တော်၌ အခြေချပြီး အမြစ်တွယ်စေခဲ့သည်။

ဥရောပ၊ မြောက်အမေရိကတိုက်နှင့် အာရှတိုက် စသည်တို့သို့ အပြည်ပြည်ဆိုင်ရာ ချိတ်ဆက်မှုလမ်းကြောင်းများ အပြည့်အဝ ဖွင့်လှစ်ပြီး တောင်အာရှနှင့် အရှေ့တောင်အာရှသို့ Bandwidth များ အဆက်မပြတ် တိုးချဲ့နေသောကြောင့် ကူမင်းသည် ဒစ်ဂျစ်တယ်တောင်ပံများဖြင့် ကမ္ဘာကြီးကို ပွေ့ဖက်နေပြီး "အွန်လိုင်းဆွေးနွေးမှု"ကို ပိုမိုချောမွေ့စေပြီး နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စေနေသည်။

2047335

တံခါးဖွင့်သည့် နွေဦးမြို့တော်၌ ကမ္ဘာတစ်ဝှမ်းမှ ဧည့်သည်တော်များနှင့် မိတ်ဆွေများကို ဆွဲဆောင်သည့် နွေးထွေးမှုရှိခြင်း

"ကျွန်တော် ကူမင်းကို ချစ်တယ်။ ကူမင်းဟာ အလွန်ဖော်ရွေပြီး လှပတဲ့မြို့တစ်မြို့ပါ။ ကူမင်းကိုလာပါ၊ ကျွန်တော် သင့်ကို စောင့်မျှော်နေပါတယ်။"ဟူသော စပိန်ခရီးသွားဘလော့ဂါ  Luis Maeso ၏ စိတ်အားထက်သန်သော ကြေငြာချက်နှင့်တူ၍ ဤချစ်ခင်မှုသည် နိုင်ငံများစွာမှ မိတ်ဆွေများ၏ ယူဆချက်ထဲမှ မျိုးစုံသော ဓလေ့ထုံးစံများ၊ နွေးထွေးသော လူနေမှုအငွေ့အသက်များနှင့် ကိုက်ညီသည်။ "ကူမင်းမှ စာတစ်စောင်- နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း" နိုင်ငံတကာဖြန့်ချိရေး လှုပ်ရှားမှုစီးရီးကို စတင်ကျင်းပခဲ့ပြီး ကတည်းက တိုက်ကြီးငါးတိုက်ရှိ နိုင်ငံများစွာမှ မိတ်ဆွေများသည် ဖိတ်ကြားချက်အလိုက် လာရောက်ခဲ့ကြသည်၊ ၎င်းတို့သည် တရုတ်-လာအို ရထားလမ်းပေါ်ရှိ ရထားများပေါ်တွင် တရုတ်နိုင်ငံ၏ မြန်နှုန်းကို တွေ့ကြုံခံစားခဲ့ကြသည်၊ မိုဟန်နယ်စပ်ဂိတ်တွင် တံခါးဖွင့်မှု၏ သက်ရှိစွမ်းအားကို မျက်မြက်သက်သေခဲ့ကြသည်၊ ကူမင်းရှိ လမ်းကြီးလမ်းငယ်များတွင် လူနေမှုအငွေ့အသက်များကို ခံစားခဲ့ကြသည်၊ ဓာတ်ပုံနှင့်ဗီဒီယို တစ်ခုခု၊ ဇာတ်လမ်းတစ်ခုခုဖြင့် တံခါးဖွင့်သည့် နွေဦးမြို့တော်၏ ညှို့နိုင်စွမ်းကို ကမ္ဘာတစ်ဝှမ်းတွင် ထွန်းလင်းစေခဲ့သည်။ ထို့ပြင်၊ လာအိုနိုင်ငံ၏ "Pathet Lao"နှင့် မြန်မာနိုင်ငံ၏ "Golden Phoenix" စသည့် အဓိကပြည်ပမီဒီယာများ၏ ပူးတွဲသတင်းဖော်ပြမှုသည် "နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း"၏ အသံသည် ဘာသာစကားအတားအဆီးများကို ကျော်လွှားခဲ့ပြီး ကူမင်း၏ တံခါးဖွင့်ဇာတ်လမ်းကို ကမ္ဘာရှိ သာမန်သော လမ်းကြီးလမ်းငယ်များသို့ သွားရောက်စေခဲ့သည်။

တံခါးဖွင့်သည့် နွေဦးမြို့တော်သည် ဘယ်သောအခါမှ တစ်ခုတည်း ဖွံ့ဖြိုးတိုးတက်ခြင်းမဟုတ် သော်လည်း ကမ္ဘာကြီးနှင့်အတူ ကောင်းမွန်လှပသော အနာဂတ်ကို လက်တွဲဖန်တီးပေးသည် ဖြစ်သည်။ ဤနေရာတွင် တရုတ်-လာအို ရထားလမ်းပေါ်ရှိ ရထားများသည် မြန်မြန်ဆန်ဆန် ပြေးဆွဲနေသည်၊ ဒစ်ဂျစ်တယ်နယ်စပ်ဂိတ်၏ အချက်ပြမှုများသည် ပို့ဆောင်နေသည်၊ "နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း"၏ ဖိတ်ခေါ်မှုသည် ပဲ့တင်ထပ်နေသည်။ ဤမြို့သည် တံခါးဖွင့်ခြင်းကို အဓိကထားပြီး လက်တွေ့ကျမှုကို တံကဲ့သို့ အသုံးပြုကာ ပြည့်စုံသော၊ အဆင့်များစွာပါဝင်သော နှင့် ကျယ်ပြန့်သော တံခါးဖွင့်မှုမူဘောင်ဖြင့် ကုန်စည်ပို့ဆောင်မှု၊ လူများစီးဆင်းမှု၊ သတင်းစီးဆင်းမှု၊ ကြေးငွေစီးဆင်းမှုနှင့် နည်းပညာဆီးဆင်းမှုတို့ကို စုစည်းနေ၍ တည်နေရာအားသာချက်များကို ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားအဖြစ် ပြောင်းလဲကာ တောင်အာရှနှင့် အရှေ့တောင်အာရှကို မျက်နှာမူသည့် ဖြာထွက်ရာစင်တာတစ်ခု တည်ဆောက်ရာတွင် ရဲရင့်စွာ ဦးဆောင်နေသည်။

၂၀၂၆ ခုနှစ်တွင် တံခါးဖွင့်သည့် နွေဦးမြို့တော်သည် ကမ္ဘာတစ်ဝှမ်းမှ မိတ်ဆွေများကို ကူမင်းသို့ လာရောက်လည်ပတ်ရန်၊ ရှာဖွေတွေ့ရှိရန်၊ ဤမြို့နှင့် ကမ္ဘာကြီးအတွက် လှပသော အခန်းကဏ္ဍအသစ်တစ်ခု ဖန်တီးရန် အသင့်ဖြစ်နေပါပြီ။

ကူမင်းကို လာပါ။ ကျွန်ုပ်တို့သည် တံခါးဖွင့်သည့် နွေဦးမြို့တော်၌ သင့်ကို စောင့်မျှော်နေပါသည်။


中文

晴空之下,滇池鸥鸣与中老铁路汽笛交响;四海之间,斗南花香借数字信号远播四方。从古滇文脉到开放前沿,这座四季如春的城市,正以面向南亚东南亚开放前沿的崭新姿态,向世界发出最诚挚的邀约。2026,“A Letter from Kunming 春城有请” 的深情呼唤跨越山海,而开放的昆明,早已备好通江达海的坦途、联结世界的云端,等你共赴一场双向奔赴的时代之约。

3月3日,全国人大代表、云南省委书记王宁在给人民网网友的回信中提到 “云南的特”,其中专门指出:“有独特的区位,是面向南亚东南亚的开放前沿,中老铁路客货两旺,国家新设的昆明国际通信节点缩短了一半以上时延,蕴含无数创业良机”。

3月4日,《人民日报》整版刊文点赞云南高质量发展,也重点聚焦中老铁路 “黄金大通道” 效应持续释放、昆明国际通信业务出入口局实现贯通互联等亮眼成果。

何以开放春城?是天赋异禀的区位底色,是实干笃行的发展答卷,更是流淌在血脉里的包容基因。省委书记的殷殷寄语、人民日报的权威点赞,共同标注出昆明在国家开放大局中的重要定位。从茶马古道的蹄声回响,到中老铁路的铁龙飞驰;从丝路驼铃的悠远余韵,到国际通信的光速传输,开放,始终是昆明刻在骨子里的城市密码,更是与世界对话的永恒语言。

图片 2

开放的春城,有钢铁丝路通江达海的壮阔

昆明南站的站台上,人流熙攘,汽笛声声,D87次国际旅客列车迎着晨光向南而行,将昆明的温暖与万象的风情紧紧相连。

这条全长1035公里的中老铁路,自2021年通车以来,便成了中国与东盟互联互通的“黄金大通道”,客货两旺的背后,是124个国家和地区超70万名旅客的跨国邂逅,是6600万人次的温情奔赴,是春节假期跨境客流41.8%的大幅增长。

“沪滇·澜湄线”“郑和号”“昆明陆港号” ……一列列货运班列鸣笛出发,将3800余种商品送往19个国家和地区。7250万吨货物的川流不息,让 “物畅其流” 的愿景照进现实。

而磨憨的蝶变,更让昆明成为全国唯一拥有“边境线和边境口岸”的省会城市,昔日边陲小镇崛起为开放新高地,近百家企业落地、人口翻番、投资超140亿元。中老铁路的 “首尾相连”,让春城的开放版图不断延伸,让面向南亚东南亚的辐射力愈发强劲。

图片 5

开放的春城,有云端通道联结世界的便捷

作为全国唯一同时拥有“边境口岸”和“数据口岸”的省会城市,昆明国际通信业务出入口局的贯通互联,为世界架起了一座数字桥梁。

昆明至新加坡的陆缆传输距离缩短3300公里,时延下降超40%,故障修复时间从月计压缩至天计。这方 “国家级通信枢纽”,以时延低、安全高、服务优的核心优势,为近万家出海企业搭建起高效传输通道,让跨境算力、数字金融、文创直播的梦想在春城落地生根。

当欧洲、北美、亚洲等多方向国际链路全线贯通,当南亚东南亚方向的带宽持续扩容,昆明正以数字之翼,拥抱世界,让 “云端的对话” 更顺畅,让跨境合作更高效。

2047335

开放的春城,有四海宾朋倾心奔赴的温度

就像西班牙旅行博主路易斯·马埃索的深情告白:“I love Kunming!昆明是一座无比友善、美好的城市。来昆明吧,我在昆明等您!” 这份喜爱,与多国友人眼中的多元风情、温暖烟火一脉相承。“A Letter from Kunming 春城有请” 国际传播系列活动启幕以来,五大洲多国友人循着邀约而来,他们在中老铁路的列车上感受中国速度,在磨憨的口岸见证开放活力,在昆明的街巷品味人间烟火,一个个镜头,一段段故事,让开放春城的魅力在全球绽放。而老挝《巴特寮》、缅甸《金凤凰》等海外主流媒体的携手传播,更让 “春城有请” 的声音跨越语言,让昆明的开放故事走进世界的寻常巷陌。

开放的春城,从来不是独自前行,而是与世界携手,共绘美好画卷。在这里,中老铁路的铁龙仍在飞驰,数字口岸的信号仍在传递,“春城有请” 的邀约仍在回响。这座以开放为钥、以实干为笔的城市,正以全方位、多层次、宽领域的开放格局,汇聚物流、人流、信息流、资金流、技术流,将区位优势化作发展胜势,在建设面向南亚东南亚辐射中心的道路上勇当主力军。

2026,开放的春城已备好山海之约、时代之笺,诚邀全球友人,走进昆明,遇见昆明,与春城一起,共创属于这座城市与全球的美好新篇!

来昆明吧,我们在开放的春城,等您!(部分内容来源于昆明发布)


အယ်ဒီတာ:马弘杨 တာဝန်ခံအယ်ဒီတာ:徐婷

展开导航

电话:0871-65390101 地址:云南省昆明市高新区科高路1999号高新孵化君浩大厦A座9楼

滇B2-20090009 Copyright © 2019-2022昆明信息港版权所有 All rights reserved

版权所有:昆明经开区融媒体中心、昆明信息港