你现在的位置:首页 > မြန်မာဘာသာ
အောက်ချင်းငှက် မိသားစုဥယျာဉ်အတွက် "ကင်းစောင့်" ပေးသူများ
来源:ရောင်စုံတိမ်တံတား时间:2026-02-14 15:20:22
နွေဦးပွဲတော်မတိုင်မီ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထုန်ပိကွမ်း ပြည်နယ်အဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဇုန်တွင် နိုင်ငံပထမအဆင့် အထူးကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန်ဖြစ်သည့် အောက်ချင်းလည်ဝါငှက်နှင့် Malabar Pied အောက်ချင်းငှက် စသည့် အောက်ချင်းငှက်များက အသိုက်ရွေးချယ်ကာ မျိုးပွားရန်ပြင်ဆင်သည့် အရေးကြီးကာလသို့ ဝင်ရောက်လျက်ရှိသည်။ "အောက်ချင်းငှက် ကင်းလှည့်စောင့်ကြည့်ရေးအဖွဲ့" အဖွဲ့ဝင်များသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဇုန် စီမံခန့်ခွဲမှုဌာန၏ လမ်းညွှန်မှုဖြင့် တောနက်အတွင်းဝင်ရောက်ကာ အောက်ချင်းငှက် အသိုက်အမြုံများကို စစ်ဆေးမှု၊ အစားအစာအရင်းအမြစ် သစ်ပင်များအား စောင့်ကြည့်တိုင်းတာမှုနှင့် မျိုးပွားမှုလုပ်ဆောင်ချက် မှတ်တမ်းတင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ထို့ပြင် တစ်ချိန်တည်းတွင် အောက်ချင်းငှက်များ နားခိုရာဒေသ ကင်းလှည့်စောင့်ကြည့်မှုနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပေးကြေညာခြင်း စသည့်လုပ်ငန်းများကိုလည်း လုပ်ဆောင်ကာ အောက်ချင်းငှက်များ မျိုးပွားရာသီ ဘေးကင်းလုံခြုံမှုကို ဘက်စုံထောင့်စုံ သေချာအောင် လုပ်ဆောင်ပေးခဲ့သည်။
"အောက်ချင်းငှက် ကင်းလှည့်စောင့်ကြည့်ရေးအဖွဲ့" ကို အဓိကအားဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ ယဉ်ကျန်းခရိုင် ထိုက်ဖိန်မြို့နယ် ရွာသူ၊ ရွာသားများနှင့် သစ်တောစောင့်ရှောက်ရေး ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ ၎င်းအဖွဲ့ကို ၂၀၂၁ ခုနှစ်တွင် စတင်ထူထောင်သည့်အချိန်မှစ၍ အဖွဲ့ဝင်ပေါင်း ၂၆ ဦး ရှိလာပြီဖြစ်ပြီး နယ်စပ်ဒေသ ဇီဝမျိုးစုံမျိုးကွဲမှုအား စောင့်ရှောက်သည့် အခြေခံအလွှာအင်အား ဖြစ်လာခဲ့သည်။ ကာလကြာရှည်စွာ ကင်းလှည့်စောင့်ရှောက်မှုအတွင်း လက်တွေ့လုပ်ဆောင်မှု အတွေ့အကြုံများ တိုးပွားလာသည်နှင့်အမျှ အဖွဲ့ဝင်များစွာသည် "ငှက်စောင့်ကြည့်ရေး ဧည့်လမ်းညွှန်" သို့မဟုတ် ဂေဟလုပ်ငန်း ဦးဆောင်သူဖြစ်လာကာ ဂေဟစနစ် ကာကွယ်ထိန်းသိမ်းမှုနှင့် လူမှုအသိုက်အဝန်း တိုးတက်မှုအား ကောင်းမွန်စွာ အပြန်အလှန်ထိန်းကျောင်းမှုကို အကောင်အထည်ဖော်နိုင်ခဲ့ပေသည်။
春节前夕,在云南铜壁关省级自然保护区内,国家一级重点保护野生动物花冠皱盔犀鸟和冠斑犀鸟等犀鸟进入选择巢穴、准备繁育的关键时期。“犀鸟巡护队”队员在保护区管护局的指导下,深入山林进行犀鸟巢址调查、食源树种监测与繁殖行为记录,并同步开展栖息地巡护和防火安全宣传等工作,全方位保障犀鸟繁殖季安全。
据了解,“犀鸟巡护队”主要由云南省德宏州盈江县太平镇村民和护林员组成,自2021年组建以来,已发展队员26人,成为边境生物多样性保护的基层力量。在长期的巡护实践积累中,不少队员成长为“鸟导”(观鸟导游)或生态产业带头人,实现生态保护与社区发展的良性互动。





