你现在的位置:首页 > မြန်မာဘာသာ
နိုင်ငံပေါင်း ၃၃ နိုင်ငံမှ "Chinese Bridge" ပြိုင်ပွဲဝင်များသည် ကူမင်းမြို့တွင် နက်နဲလှသောသမိုင်းနှင့် ရှင်သန်တက်ကြွသော အင်အားကို ခံစားခဲ့ကြ
来源:ရောင်စုံတိမ်တံတား时间:2026-01-28 10:13:26
(ရောင်စုံတိမ်တံတား၊ မရီရီ ) ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကူမင်းမြို့၌ ရာသီဥတုသာယာ၍ အရုဏ်ဦး အလင်းရောင်ထဲမှ တျန်းချီရေကန်သည် တလက်လက်တောက်ပနေပြီး စင်ရော်ခေါင်းမဲများသည် ပျော့ပျောင်းသွက်လက်စွာ ပျံဝဲခဲ့ကြသည်။ နိုင်ငံပေါင်း ၃၃ နိုင်ငံမှ "Chinese Bridge" ပြိုင်ပွဲဝင်များသည် ကူမင်း စူးစမ်းလေ့လာသည့် ခရီးစဉ်ကို စတင်ခဲ့ကြသည်။
ဇွမ့်ရှင်းဟင်းသီးဟင်းရွက်ဈေးကွက်တွင် မီးရှူးမီးပန်းများကို ခံစားခြင်း
ဇွမ့်ရှင်းဟင်းသီးဟင်းရွက်ဈေးကွက်တွင် အမျိုးအစားစုံလင်ပေါများသော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများအား စနစ်တကျထားကာ ထူးခြားသော ချက်ပြီးသားအစားအစာများ၏ မွှေးရနံ့သည် သင်းပျံ့နေသည်။ ပြင်သစ်စားဖိုမှူးကြီး Vincent ၏ ဦးဆောင်မှုအောက်တွင် ပြိုင်ပွဲဝင်များသည် တရုတ်စကားဖြင့် ဈေးသည်များနှင့် ကျွမ်းကျင်စွာ ပြောဆိုခဲ့ကြကာ စည်ကားသော ဈေးကွက်ကို သက်ဝင်လှုပ်ရှားသော တရုတ်စာသင်ခန်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ကြသည်။
"Atable" စားသောက်ဆိုင်တွင် ကူမင်းမြို့အပေါ် ပြင်သစ်စားဖိုမှူး၏ ဆယ်နှစ်ကြာ ချစ်ခင်မှုကို ပြသခြင်း
Vincent သည် ဆွေ့ဟူရေကန်ဥယျာဉ်ဘေးတွင် ဆယ်နှစ်ကြာ နေထိုင်ခဲ့ပြီ ဖြစ်၍ သူ၏ ပြင်သစ်စားသောက်ဆိုင် (Atable)သည် အရှေ့တိုင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှုများ ပေါင်းစည်းသည့် နွေးထွေးသောနေရာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ပြိုင်ပွဲဝင်များသည် ၎င်းတို့ ကိုယ်တိုင်ရွေးချယ်ဝယ်ယူလာသော ယူနန့်စားသောက်ကုန်ပစ္စည်းများဖြင့် ဟမ်ဘာဂါများကို ပြုလုပ်ခဲ့ကြကာ အစားအစာနှင့် ပုံပြင်များအတွင်း ယူနန်၏ အားလုံးပါဝင်နိုင်မှုနှင့် နွေးထွေးမှုကို ခံစားခဲ့ကြသည်။
ဆွေ့ဟူရေကန်ဥယျာဉ်ဘေးတွင် ယူနန်ကော်ဖီလုပ်ငန်း၏ ထွန်းကားလာမှုကို ခံစားခြင်း
ဆွေ့ဟူကော်ဖီယဉ်ကျေးမှုစင်တာ၌ ပြိုင်ပွဲဝင်များသည် ယူနန်ကော်ဖီလုပ်ငန်း၏ ထွန်းကားလာမှုအား အံ့ဩခဲ့ကြသည်။ မထင်မရှားလူသိနည်းသည်မှ ကမ္ဘာပေါ်တွင် နာမည်ကျော်ကြားသည်အထိ ယူနန်ကော်ဖီလုပ်ငန်းသည် ၁၅ နှစ်ကာလအတွင်း သိသာထင်ရှားသော ဆုတ်ယုတ်ပြောင်းခဲမှုကို ဖော်ဆောင်ခဲ့ပြီ ဖြစ်သည်။ ပြိုင်ပွဲဝင်များသည် မွေးကြိုင်သော ကော်ဖီတစ်ခွက်ထဲတွင် ယူနန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၏ အမြန်နှုန်းနှင့် အင်အားကို ခံစားခဲ့ကြသည်။
ကူမင်းလမ်းဟောင်းတွင် ရှေးခေတ်နှင့် ယခုခေတ်၏ ပေါင်းစပ်မှုကို ခံစားခြင်း
ကူမင်းလမ်းဟောင်းတွင် ဖြည်းဖြည်းချင်း လမ်းလျှောက်ရင်း ပြိုင်ပွဲဝင်များသည် ဤသမိုင်းဝင်ရပ်ကွက်၏ အမွေဆက်ခံမှုနှင့် အသစ်တစ်ဖန် ပြန်လည်ရှင်သန်ခြင်းကို ခံစားခဲ့ကြသည်။ ပန်းမုန့် တစ်ချပ်နှင့် တံတားကူးမြီးရှည် တစ်ပန်းကန်ကဲ့သို့သော သာမန်အရာများမှ ကူမင်းမြို့ရှိ ရှေးခေတ်နှင့် ယခုခေတ်၏ ပေါင်းစပ်မှုကို နားလည်နိုင်သည်။
ဂွမ်းဒုရှေးဟောင်းမြို့နယ်တွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား လက်တွေ့လေ့လာခံစားခြင်း
ဂွမ်းဒုရှေးဟောင်းမြို့နယ်တွင် ပြိုင်ပွဲဝင်များသည် Go pieces ပြုလုပ်ခြင်း၊ ဂျုံအရုပ်၊ Cloisonné Enamel၊ Silver-inlaid Black Copper စသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်မှုအနုပညာများကို လက်တွေ့လေ့လာခံစားခဲ့ကြသည်။ နိုင်ငံအသီးသီးမှ လူငယ်များသည် လက်များဖြင့် ယူနန်ရှိ ရှေးဟောင်းသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်မှုအနုပညာများကို ထိတွေ့သည့်အခါ သမိုင်းသည် လက်ဖျားတွင် နိုးထလာပြီး ယဉ်ကျေးမှုသည် စကားပြောဆိုမှုထဲတွင် ဆက်လက်ရှင်သန်သည်။
တုပ်နန်ပန်းစျေးတွင် "ပန်းခင်းတစ်ကွက်"မှ ထွန်းကားလာသော ပန်းလုပ်ငန်း၏ အံ့ဖွယ်မှုအား မျက်မြင်တွေ့ရှိခြင်း
တုပ်နန်ပန်းများပြခန်းတွင် ပြိုင်ပွဲဝင်များသည် တုပ်နန်ပန်းစျေး၏ ပန်းခင်းတစ်ကွက်မှ ကမ္ဘာလုံးဆိုင်ရာ ပန်းလုပ်ငန်း၏ စံပြအဖြစ်သို့ ခုန်ပေါက်ကျော်လွှားသော တိုးတက်မှုအကြောင်း သိရှိခဲ့ကြသည်။ "ယွမ် ၁၀၀ ဖြင့် ပန်းဝယ်ယူခြင်း စိန်ခေါ်မှု"တွင် ပြိုင်ပွဲဝင်များသည် တရုတ်စကားဖြင့် ပန်းရောင်းချသူများနှင့် ဈေးဆစ်ခဲ့ကြကာ ပန်းရောင်းချသူများလည်း ပန်းစည်းတစ်စည်း သို့မဟုတ် နှစ်စည်းကို လက်ဆောင်အဖြစ် ပိုပေးခဲ့သည်။ "သူတို့ ကျွန်မတို့ရဲ့ ပန်းတွေကို ကြိုက်တာမြင်ရတော့ အရမ်းပျော်တယ်။" "ဒါက ယူနန်လူရဲ့ ဧည့်ဝတ်ကျေပွန်မှုပုံစံပဲ" ဟု ပန်းရောင်းချသူတစ်ဦး ပြုံးပြုံးလည်း ပြောဆိုခဲ့သည်။ သင်းပျံ့နေသော ပန်းရနံ့များကြား မတူညီသော ဘာသာစကားများနှင့် ယဉ်ကျေးမှုများသည် နွေးထွေးသော ပဲ့တင်ထပ်ကို ရရှိခဲ့သည်။
မှောင်ရီပျိုးချိန်တွင် တစ်နေ့တာခရီးစဉ်သည် ပန်းမွှေးရနံ့များကြားတွင် ပြီးဆုံးသွားခဲ့သည်။ ဒေသခံ၏ နေ့စဉ်ဘဝမှ စက်မှုလုပ်ငန်း ဆန်းသစ်တီထွင်မှုအထိ၊ ရိုးရာလက်မှုပညာမှ ခေတ်မီသိပ္ပံနည်းပညာအထိ၊ "Chinese Bridge" ပြိုင်ပွဲဝင်များသည် ယဉ်ကျေးမှုများ၏ တွေ့ကြုံခံစားသူများသာမက ယူနန်ပုံပြင်များ၏ ဖြန့်ဝေသူများလည်း ဖြစ်လာသည်။ ၎င်းတို့ ယူသွားသည့် အရာသည် ကော်ဖီနှင့် ပန်းများဖြစ်ရုံတင်မက ယူနန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ယဉ်ကျေးမှုယုံကြည်မှုကို တင်ဆောင်ထားသော မျိုးစေ့များအား ဖြစ်သည်။ ဤမျိုးစေ့များသည် ၎င်းတို့နှင့်အတူ ကမ္ဘာသို့ ခရီးထွက်လိုက်ကာ ပိုများသောလူများအား ရှေးခေတ်နှင့် ခေတ်သစ်အား ပေါင်းစပ်မှု၊ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် တံခါးဖွင့်မှု တစ်ပြိုင်နက်တည်း တည်ရှိနေသော ယူနန်ပုံပြင်များကို ပြောပြလိမ့်မည်။
1月20日,昆明天气晴好,晨光中的滇池波光粼粼,红嘴鸥轻盈盘旋。来自33国的“汉语桥”选手在这美好的清晨踏上探索春城之旅。
篆新农贸市场:触摸春城脉搏
篆新农贸市场里缤纷蔬果整齐铺陈,特色熟食香气四溢。在法国主厨文森特带领下,选手们用流利的中文与摊主交流,将热闹市井变成了生动的中文课堂。
“Atable”餐厅:法国主厨的十年春城情
文森特已在翠湖畔生活十年,他的法餐厅已成为东西方文化交汇的温馨驿站。选手们用亲手采购的云南食材制作汉堡,在美食与故事中体会云南的包容与温度。
翠湖之畔:品鉴云南咖啡的产业跃迁
在翠湖咖啡文化中心,选手们为云南咖啡产业的崛起而惊叹。从默默无闻到香飘世界,云南咖啡用十五年完成了华丽蜕变。一杯醇香,让选手品味到云南产业发展的速度与力量。
昆明老街:寻味历史与当下的交融
漫步昆明老街,选手们感受着这片历史街区的传承与焕新。一块鲜花饼、一碗过桥米线,这些日常滋味成为读懂昆明历史与当下的亲切语言。
官渡古镇:在手作中对话非遗
在官渡古镇,选手们体验围棋制作、面塑、掐丝珐琅、乌铜走银等非遗技艺。当各国青年的手触碰到云南古老的非遗技艺,历史在指尖苏醒,文明在对话中延续。
斗南花市:见证“一片花田”的产业奇迹
在斗南花卉展览馆,选手们了解了斗南从一片花田到全球花卉产业标杆的跨越式发展。“百元购花挑战”中,他们用中文与花商讨价还价。花商们也都大方地附赠一两扎花束。“看到他们喜欢我们的花,心里高兴!”一位花商笑着说,“这是云南的待客之道。”花香弥漫间,不同语言和文化达成了温暖的共鸣。
暮色渐浓,一天的旅程在花香中落幕。从市井烟火到产业创新,从传统技艺到现代科技,“汉语桥”选手们不仅是文化的体验者,更成为云南故事的传播者。他们带走的不仅是咖啡与鲜花,更是一颗颗承载着发展、创新与文化自信的“云南种子”。这些种子将随他们的脚步走向世界,向更多人讲述传统与现代交融、守护与开放并存的云南故事。













