你现在的位置:首页 > မြန်မာဘာသာ

တရုတ်နိုင်ငံ လန်ချန်းမြစ်ကမ်းနံဘေးက ရထားဘူတာကြောင့် ကျေးလက်ပြည်သူများက "သာယာချမ်းမြေ့သော အမြန်ရထား" တွင် လိုက်ပါလာနိုင်ခဲ့

来源:ရောင်စုံတိမ်တံတား时间:2026-01-28 10:07:18

111

图片 1

ရှောင်ဝမ်းတုန်းဘူတာသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီပြည်နယ်ခွဲ နန်ကျန့်ခရိုင် ရှောင်ဝမ်းတုန်းမြို့တွင် တည်ရှိသည်။ ယင်းဘူတာသည် နန်ကျန့်ခရိုင်မြို့နှင့် ကီလိုမီတာ ၈၀ ကျော်အကွာတွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးရလဒ်အား ခိုင်မြဲစေရန်၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုအား အားဖြည့်ရန်အလို့ငှာ ဖွင့်လှစ်ပြေးဆွဲနေသည့် လမ်းကြောင်းပေါ်တွင် အထူးအသစ်တည်ဆောက်ထားသည့် ရထားဘူတာ ဖြစ်ပေသည်။

အဆိုပါဘူတာသည် လန်ချန်းမြစ်ကမ်းနံဘေး၌ တည်ရှိပြီး မြင့်မားသောတောင်တန်း၊ လျှိုမြောင်၊ မြစ်ချောင်းများဖြင့် ဝန်းရံထားပေသည်။ ပထဝီဘူမိအသွင်အပြင်အကန့်အသတ်ကြောင့် ဘူတာတွင် လိုဏ်ခေါင်းတစ်ဝက်၊ တံတားတစ်ဝက်အသွင်ဖြင့် ဒီဇိုင်းရေးဆွဲတည်ဆောက်မှုကို အသုံးပြုထားသောကြောင့် တစ်ဝက်ကို ရှင်းဟွာလိုဏ်ခေါင်းအတွင်း၌ တည်ဆောက်ထားပြီး တစ်ဝက်သည် လန်ချန်းမြစ် အထူးတံတားကြီးထက်တွင် တည်ဆောက်ထားသည်။

ရှောင်ဝမ်းတုန်းဘူတာကို စတင်ဖွင့်လှစ်အသုံးပြုပြီးနောက် အနီးတစ်ဝိုက်ဒေသနေပြည်သူပေါင်းသိန်းချီ၏ ကုန်ထုတ်လုပ်မှု၊ လူနေမှုဘဝများသည် ယင်းကြောင့် အကျိုးခံစားလာရသည်။ အဆိုပါဘူတာသည် အများပြည်သူ၏ ဆေးကုသမှုခံယူခြင်း၊ ပညာသင်ကြားခြင်း၊ လုပ်ငန်းခွင်ဝင်ခြင်းတို့ကို အဆင်ပြေချောမွေ့သွားစေသည့်အပြင် အနီးတစ်ဝိုက်ဒေသနှင့် ပြင်ပလောက၏ ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည်စီးဆင်းပို့ဆောင်မှုတို့ကို အရှိန်မြင့်စီးဆင်းသွားရန် လှုံ့ဆော်ပေးလိုက်သည်။

လတ်တလောနှစ်ပိုင်းတွင် ဒေသတွင်း၌ တိကျထိရောက်သော ကူညီပေးခြင်းလုပ်ဆောင်ခဲ့ရာ "တိမ်ပေါ်က ရှောင်ဝမ်းဒေသ" စသည့် ယဉ်ကျေးမှုခရီးသွားလာရေး စီမံကိန်းများကိုတည်ဆောက်ခြင်း၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးရလဒ်နှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ထိရောက်စွာချိတ်ဆက်မှုအား ခိုင်မြဲစေခြင်းတို့ လုပ်ဆောင်ခဲ့သည်။ ထိုသို့အားဖြင့် ပိုမိုများပြားသည့်လူများ လာရောက်ပြီး ငါးမျှားခြင်း၊ လည်ပတ်ခြင်းတို့ လုပ်ဆောင်လာသလို ရှောင်ဝမ်းတုန်းမြို့၏ ဂေဟမြစ်ငါး၊ Silky fowl ကြက်၊ လက်ဖက်ခြောက်၊ သစ်သီး စသည့် စိုက်ပျိုးရေးအပိုထွက်ကုန်များကို ပြင်ပသို့ ပို့ဆောင်ပေးကာ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးလိုက်ပြီး ဒေသခံပြည်သူလူထု လူနေမှုဘဝအတွက် ပိုမိုကျယ်ပြောသော ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ သယ်ဆောင်လာပေးပေသည်။ 

图片 2

图片 3

图片 4

图片 5

图片 6

222

图片 1

小湾东站位于云南省大理州南涧县小湾东镇,距离南涧县城80多公里,是为了巩固脱贫攻坚成果、助力乡村振兴而在已开通运营的线路上特别新建的火车站。

该站坐落在澜沧江江畔,被高山、峡谷、江河环绕。受地形地貌限制,车站采用半隧半桥方式设计建设,一半建在新华隧道里,一半建在澜沧江特大桥上。

小湾东站开通后,周边数十万群众的生产、生活因此受益,不仅方便了群众就医、就学、就业,更激活周边地区与外界的客流、物流加速流动。

近年来,当地进行定点帮扶,建设“云上小湾”等文旅项目,巩固拓展脱贫攻坚成果同乡村振兴有效衔接,让更多人“走进来”垂钓、游玩,让小湾东镇的生态江鱼、乌骨鸡、茶叶、水果等农副产品“走出去”,推动当地经济发展,为当地群众生活带来更广阔的发展前景。

图片 2

图片 3

图片 4

图片 5

图片 6


编辑:马弘杨 责任编辑:徐婷

展开导航

电话:0871-65390101 地址:云南省昆明市高新区科高路1999号高新孵化君浩大厦A座9楼

滇B2-20090009 Copyright © 2019-2022昆明信息港版权所有 All rights reserved

版权所有:昆明经开区融媒体中心、昆明信息港