你现在的位置:首页 > မြန်မာဘာသာ

ယူနန်ထောပတ်သီးများကို မလေးရှားနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့

来源:ရောင်စုံတိမ်တံတား时间:2026-01-12 16:21:52

111

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့မကြာသေးမီက ပေါင်ဆန်းမြို့ လုံလင်ခရိုင်မှ ထွက်ရှိသော အလေးချိန် ၈၃၂ ကီလိုဂရမ်ရှိသည့် လတ်ဆတ်သော ထောပတ်သီးအသုတ်ကို အကောက်ခွန်စစ်ဆေးမှု အောင်မြင်ပြီးနောက် မလေးရှားနိုင်ငံသို့ ကုန်းလမ်းမှ လေကြောင်းလမ်းသို့ ပြောင်းသည့်နည်းလမ်းဖြင့် တင်ပို့ခဲ့သည်။ ၎င်းသည် ယူနန်ထောပတ်သီးများကို မလေးရှားနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့ခြင်း ဖြစ်သည်။

2027690_2048x2048

ပေါင်ဆန်းမြို့ လုံလင်ခရိုင်သည် နုကျန်းမြစ်၏ ခြောက်သွေ့ပူပြင်းသော ချိုင့်ဝှမ်းဒေသတွင် တည်ရှိ၍ အပူနှင့် မိုးရေ ကောင်းသောကြောင့် ထောပတ်သီးစိုက်ပျိုးရန်အတွက် အလွန်ကောင်းမွန်သော သဘာဝအခြေအနေများကို ပေးစွမ်းလျက်ရှိသည်။ လက်ရှိတွင် ဒေသခံဒေသ၌ စံချိန်စံညွှန်းသတ်မှတ်ထားသော စိုက်ပျိုးရေးအခြေခံစခန်း အမို ၅၀၀၀ ကျော်ကို တည်ဆောက်ပြီးဆုံးခဲ့ပြီ ဖြစ်၍ ပျိုးပင်ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်း၊ အချောကိုင်ခြင်းနှင့် ရောင်းချခြင်းတို့ကို ပေါင်းစပ်ထားသော စက်မှုလုပ်ငန်းစနစ်ကို ဖန်တီးပေးခဲ့ပြီ ဖြစ်သည်။ "အရင်တုန်းကတော့ ကျွန်တော်တို့ဟာ ပြည်တွင်းဈေးကွက်ကို အဓိကထား ထောက်ပံ့ပေးခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဈေးကွက်အလားအလာကို နားလည်ပြီးတော့ ၂၀၂၄ ခုနှစ်မှာ စင်ကာပူနိုင်ငံကို ထောပတ်သီးတွေ အောင်မြင်စွာ တင်ပို့နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ မလေးရှားနိုင်ငံကို အောင်မြင်စွာ တင်ပို့ခဲ့ပါတယ်" ဟု ယူနန် ဘာဖုန်း စိုက်ပျိုးရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်ကုမ္ပဏီ၏ ဥပဒေကိုယ်စားလှယ် ဝမ်းဇီဇေက ပြောကြားခဲ့သည်။

ထောပတ်သီးတင်ပို့မှုကို လွယ်ကူချောမွေ့စေရန်အတွက် ထိန်ချုံးအကောက်ခွန်ဌာနသည် ဆန္ဒအလျောက် တက်ကြွစွာ ဝန်ဆောင်ပေးပြီး စောင့်ကြပ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို သစ်သီးခြံများနှင့် ထုပ်ပိုးစက်ရုံများအထိ တိုးချဲ့ခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းအစီအစဉ်များကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ခြင်းဖြင့် ထောပတ်သီးများကို လယ်ကွင်းမှ လေဆိပ်သို့ ၁၀ နာရီကြာသာ ပို့ဆောင်စေခဲ့ပြီး လတ်ဆတ်သောအသီးများ၏ အရည်အသွေးကို ထိရောက်စွာ သေချာစေခဲ့သည်။

222

近日,产自保山市龙陵县一批重832公斤的新鲜牛油果经海关查验合格后通过陆路转空运方式出口马来西亚。这是云南牛油果首次出口马来西亚。

2027690_2048x2048

保山龙陵地处怒江干热河谷流域,热量充足、降水充沛,为牛油果种植提供了优越的自然条件。目前当地已建成标准化种植基地5000余亩,构建了集育苗、种植、加工、销售为一体的产业体系。“以往我们主要供应国内市场,在了解到东南亚国家的市场潜力后,2024年我们顺利出口牛油果到新加坡,2025年又成功出口到马来西亚。”云南八方农业科技发展有限公司法人汪志哲表示。

为助力牛油果出口,腾冲海关主动靠前服务,将监管服务延伸至果园与包装厂。同时,优化通关流程,牛油果从田间到机场仅用了10小时,有效保障了鲜果品质。(云南日报 记者刘子语)

အယ်ဒီတာ:လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ:Xu Ting

展开导航

电话:0871-65390101 地址:云南省昆明市高新区科高路1999号高新孵化君浩大厦A座9楼

滇B2-20090009 Copyright © 2019-2022昆明信息港版权所有 All rights reserved

版权所有:昆明经开区融媒体中心、昆明信息港