你现在的位置:首页 > မြန်မာဘာသာ

ကူမင်း ကျောက်ဇီတောင် ၇ ကြိမ်မြောက် ရေခဲဆီးနှင်း ကာနီဗက်ပွဲတော်ကို ဇန်နဝါရီလ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့

来源:ရောင်စုံတိမ်တံတား时间:2026-01-09 15:54:14

111

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဤဆောင်းရာသီတွင် ကျောက်ဇီတောင်သည် ထိထိရောက်ရောက် ရေပန်းစားလာခဲ့သည်။ ရှေးဦးစွာ ၎င်း၏ ညဘက်တောင်တက်ခရီးစဉ်သည် အလွန်ရေပန်းစားပြီး လူငယ်အမြောက်အများကို ဆွဲဆောင်ခဲ့သည်။

ထို့နောက်၊ ရေခဲဆီးနှင်းရှုခင်းများသည် အွန်လိုင်းတွင် အများအပြား ဖြစ်ပေါ်လာခဲ့၍ လူတိုင်းက "ဒါက ဘယ်မှာလဲ" ဟု မေးခဲ့ကြသည်။

ထို့နောက်၊ ကျောက်လိကျန်းက Weibo တွင် ဤကို ဖြန့်ဖြူးခြင်း၊ XueXi QiangGuo (https://www.xuexi.cn) ပလက်ဖောင်းတွင် သတင်းပို့ခြင်း၊ CCTV News မှ Xinwen Lianbo (CCTV ပေါ်ရှိ ညနေခင်းသတင်းအစီအစဉ်)အထိ ရေပန်းစားသွားခဲ့သည်။

အရေးကြီးသောလှုပ်ရှားမှု ကျရောက်ခြင်း

မြို့သူမြို့သားများနှင့် ခရီးသည်များ၏ မျှော်လင့်ချက်များထဲတွင် ကူမင်း ကျောက်ဇီတောင် ၇ ကြိမ်မြောက် ရေခဲဆီးနှင်း ကာနီဗက်ပွဲတော် ဤနေ့(ဇန်နဝါရီလ ၈ ရက်နေ့)တွင် တရားဝင် စတင်ကျင်းပနေသည် ဖြစ်ကာ အကြောင်းအရာ ပေါများကြွယ်ဝပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော နှင်းကစားခြင်းနှင့် နှင်းလျှောစီးခြင်း လှုပ်ရှားမှုများကို ပါဝင်နိုင်မည် ဖြစ်သည်။ ဤနှစ် ကာနီဗယ်ပွဲတော်တွင် မည်သည့်ပျော်စရာများ ရှိပါသနည်း။

1.webp

ခဏတစ်ဖြုတ် ရေခဲဆီးနှင်းအိပ်မက်ထဲသို့ ဝင်ရောက်ခြင်း

ဤနေရာတွင် မြို့ထဲမှ နီယွန်ဓာတ်မီးများ မရှိပေ၊ လက်လှမ်းထိမိနိုင်သော တောတောင်အနှံ့ ရေခဲဆီးနှင်းရှုခင်းများသာ ရှိသည်။

တောတောင်အနှံ့ နှင်းကပ်ပျော့များ ဖုံးလွှမ်းနေခြင်း

တောင်တစ်ခုလုံးသည် ကျောက်သလင်း အပေါ်အင်္ကျီများကို ခြုံထားသလို ကြည်လင်တောက်ပနေသည်။

ရေခဲကန် စတင်နိုးထလာခြင်း

ရေကန်တစ်ဝက် ကြည်လင်ပြီး တစ်ဝက် အေးခဲနေ၍ ရာသီဥတုမှ ဂရုတစိုက် လှီးဖြတ်ထားသော ကျောက်မျက်ရတနာကဲ့သို့ ဖြစ်သည်။

ဆီးနှင်းခဲများ မြေကြီးကို ဖုံးလွှမ်းနေခြင်း

ခြေလှမ်းတိုင်းသည် ချိုအေးကြည်မြသော ပဲ့တင်ထပ်အသံကို ထွက်ပေါ်လာနိုင်၍ စိတ်ကုစားနိုင်သည့် ASMR ဖော်ဆောင်ရာနေရာသို့ ခြေလှမ်းဝင်ရောက်သလို ဖြစ်သည်။

ရေခဲဆီးနှင်းများ၏ ရိုမန်တစ်ဆန်မှုသည် ပုံစံတစ်မျိုးသာ ရှိသည်ဟု မည်သူက ဆိုသနည်း။

နှင်းကပ်ပျော့+ရေခဲကန်+ဆီးနှင်းခဲ

ကျောက်ဇီတောင်သည် ဆောင်းရာသီထဲမှ အိပ်မက်ဆန်သော အရာသုံးမျိုးကို တိုက်ရိုက်ပေးပြီး အငွေ့အသက်များနှင့် ပြည့်နှက်သည်။

ဤသည်မှာ မြောက်ပိုင်းဒေသ မဟုတ်သော်လည်း ကူမင်းမြို့တွင် လက်လှမ်းထိမိနိုင်သော "တောင်ဝင်ရိုးစွန်းရှိ ကလေးပုံပြင်"တစ်ခု ဖြစ်သည်။

冰雪梦境.webp

လက်တွေ့ခံစားမှုသစ်များ တိုးပွားနေခြင်း

ဤနှစ် ကျောက်ဇီတောင်ပေါ်မှ ပျော်ရွှင်မှုများသည် နှင်းများတစ်ခုတည်းနှင့် မကန့်သတ်ပါ၊ စွမ်းအင်ပြန်လည်ဖြည့်တင်းရာ စခန်းအဖြစ် KFC အစားအသောက်ဝန်ဆောင်မှုယာဉ်သည် ရှဖျင်ဇီကျေးရွာတွင် ပူပူနွေးနွေး စတင်လည်ပတ်ခဲ့ပြီ ဖြစ်သည်။

ကျော်ဇီဆန်းကျုံး တည်းခိုခန်းကို ဖွင့်လှစ်ပြီဖြစ်၍ ခရီးသည်များ၏ ရှုခင်းများထဲတွင် အိပ်စက်ပြီး ပြတင်းပေါက်ဖွင့်လိုက်တိုင်း ဆီးနှင်းတောင်ကို တွေ့ရှိနိုင်သည့် ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါပြီ။

ဆောင်းရာသီတွင် လက်မှတ်ဝယ်ပြီး နွေရာသီတွင် နောက်တစ်ကြိမ် အခမဲ့ လည်ပတ်ကြည့်ရှုနိုင်မည်၊ လက်မှတ်တစ်စောင်ဖြင့် လေးပါးရာသီထဲမှ ကျောက်ဇီတောင်ကို အားရပါးရ လည်ပတ်ကြည့်ရှုနိုင်ရန် အမှန်တကယ် ဖော်ဆောင်သည်။ ပိုများသော ရေခဲဆီးနှင်းလှုပ်ရှားမှုများနှင့် နှလုံးသားနွေးထွေးစေသော ဝန်ဆောင်မှုများကို ရှေ့စဉ်နောက်ဆက် ထည့်သွင်းနေသည်။

ကျောက်ဇီတောင် ၇ ကြိမ်မြောက် ရေခဲဆီးနှင်း ကာနီဗက်ပွဲတော်အတွင်း လက်မှတ်တစ်စောင်ဖြင့် ၂ ရက်ကြာ ဝင်ရောက်လည်ပတ်နိုင်မည် ဖြစ်၍ ဝင်ခွင့်နေ့နှင့် နောက်တစ်ရက်ဖြစ်သည်။ 

ဆောင်းရာသီတွင် ချိန်းဆိုမှု လက်ခံလျှင် နွေရာသီတွင် အခမဲ့ ပြန်လည်ဆုံတွေ့နိုင်ကြမည်၊ ဤဆောင်းရာသီတွင် ချိန်းဆိုမှုကို လက်ခံမည်လော၊ ကျွန်တော်တို့သည် ပင်လယ်ရေမျက်နှာပြင်ထက် ၄၂၂၃ မီတာ မြင့်သောနေရာ၌ သင့်ကို စောင့်မျှော်နေကြသည်။

222

这个冬天,轿子山彻底出圈了!先是夜爬爆火,年轻人蜂拥而至!

接着冰雪刷屏,全网都在问“这是哪里?”

然后,赵立坚微博打call、学习强国报道,从央视新闻一路火到《新闻联播》黄金档。

重头戏来了

在市民、游客的期待中,昆明轿子山第七届冰雪嘉年华今日(1月8日)正式启幕,内容丰富、惊险刺激的戏雪滑雪项目等你参与。今年的嘉年华有什么好玩?

1.webp

一秒坠入冰雪梦境

这里没有都市霓虹,只有漫山雪景触手可及。

雾凇漫山

整座山披上水晶外衣,晶莹闪烁。

冰湖初醒

一半澄澈,一半冰封,像是被季节精心切割的宝石。

霜铺大地

每一步都踩出清脆回响,像走进治愈系ASMR现场

谁说冰雪浪漫只有一种模样?

雾凇+冰湖+冰霜

轿子山直接解锁冬日梦幻三件套,氛围感瞬间拉满!

这不是北方,是昆明触手可及的“南极童话”!

冰雪梦境.webp

全新体验加载中……

今年轿子山上的快乐,不止于雪。能量补给站肯德基餐车已在下坪子热气腾腾营业。

轿子山庄已开放,能满足游客睡在风景里、推窗见雪山的愿望。

冬天购票,夏天再免费游一次,真正实现一票在手,畅享四季轿子山;更多雪地趣味项目与暖心服务正陆续加载中……

轿子山第七届冰雪嘉年华期间,一票可玩两天,即入园当日及次日。

冬日赴约,夏日免费重逢。这个冬天,赴约吗?我们在海拔4223米处等你。

အယ်ဒီတာ:လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ:Xu Ting

展开导航

电话:0871-65390101 地址:云南省昆明市高新区科高路1999号高新孵化君浩大厦A座9楼

滇B2-20090009 Copyright © 2019-2022昆明信息港版权所有 All rights reserved

版权所有:昆明经开区融媒体中心、昆明信息港