你现在的位置:首页 > မြန်မာဘာသာ

ယူနန်ပြည်နယ်သည် ဗီယက်နမ်ခရီးသည်များအတွက် ရည်မှန်းသောပန်းတိုင်နေရာတစ်ခု ဖြစ်လာ

来源:ရောင်စုံတိမ်တံတား时间:2026-01-09 09:55:51

111

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့ဗီယက်နမ်နိုင်ငံ လောင်ကိုင်းပြညန်နယ်မှ လာသည့် ခရီးသည် Nguyen Thi Ngoc Hong အတွက် ကူမင်း၏ညသည် စည်ကားလှပြီး စွဲလမ်းစိတ်ပြင်းလှ၍ ပြန်ရန်ပင်မေ့ရသည်။ "နန်ချမ်ညဈေးထဲမှာ ဒေသထွက်သရေစာတွေ၊ အရှေ့တောင်အာရှရဲ့ အစားအစာတွေ၊ ယဉ်ကျေးမှု ဆန်းသစ်တီထွင်မှု အထိမ်းအမှတ်ပစ္စည်းတွေ အရာအားလုံးရှိပါတယ်၊ လမ်းလျှောက်ရင်း ပိုက်ဆံသုံးတာကို မငြင်းဆန်နိုင်ခဲ့ပါဘူး" ဟု သူမက ပြောပါသည်။ ဟနွိုင်းမြို့မှ လာသည့် ခရီးသည် Pham Ngoc Chu သည် ကျန့်ဆွေခရိုင်၏ ကျူးကြားဥယျာဉ်ရှုခင်းသာနေရာထဲရှိ ဗီယက်နမ်ဘာသာဖြင့် အမှတ်တံဆိပ်များနှင့် ဝါဒဖြန့်ဗီဒီယိုများကို နက်ရှိုင်းသော စွဲမှတ်ထင်ဟပ်ချက် ရှိပြီး "ဘာသာစကားမျိုးစုံနဲ့ ဝန်ဆောင်မှုက အလွန်အရင်းနှီးဆုံးတယ်"ဟူ၍ သူမက ချီးကျူးပါသည်။

လက်ရှိတွင် ယူနန်နှင့် ဗီယက်နမ်အကြား နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေးသည် ဆက်လက်မြင့်တက်နေပြီး ဗီယက်နမ်ခရီးသည်များမှာ ယူနန်ကို နှစ်သက်ကြသည့် အကြောင်းရင်းမှာ မတူကွဲပြားသော ခရီးသွားအတွေ့အကြုံများကြောင့် ဖြစ်သည်။ ယခုနှစ် မှစတင်၍ ဗီယက်နမ် King-Top အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ခရီးသွားဖွံ့ဖြိုးတိုးတက်ရေး လီမီတက်ကုမ္ပဏီသည်သာ ဗီယက်နမ်ခရီးသည် အယောက် ၃၀၀၀ ခန့် ယူနန်သို့ ခရီးသွားရန် စီစဉ်ပေးခဲ့ပြီ ဖြစ်သည်။ ယူနန်၏ ပုံစံအမျိုးမျိုးအစုံစုံရှိသော ခရီးသွားလမ်းကြောင်းများသည် ဗီယက်နမ်ခရီးသည်များ၏ နှစ်သက်မှုကို ဖြည့်ဆည်းပေးသည်၊ ဥပမာအားဖြင့် အေးမြသောရာသီဥတုနှင့် ထူးခြားသောရှုခင်းများကြောင့် နာမည်ကျော်သော "ကူမင်း-တာ့လီ-လိကျန်း" လမ်းကြောင်း၊ သဘာဝအံ့ဖွယ်ရှုခင်းများ စုစည်းသော "ကူမင်း-စီလင်-ရှီစန်းလုံမင်" လမ်းကြောင်း၊ ဆီးနှင်းတောင်များနှင့် လူမှုရေးရှုခင်းများ ပေါင်းစပ်ထားသော "လိကျန်း-ယိုလုံဆီးနှင်းတောင်-ဆုဟယ်ရှေးဟောင်းမြို့နယ်" လမ်းကြောင်းနှင့် ကိုယ်တိုင်မောင်းနှင်ခြင်းနှင့် ခြေလျင်လျှောက်ခြင်းအတွက် သင့်လျော်သော ရှန်ဂရီလာ ကဲ့သို့သော နေရာများသည် ယူနန်သို့ လာရောက်လည်ပတ်သော ဗီယက်နမ်ခရီးသည်များအတွက် ရေပန်းစားသော ရွေးချယ်မှုများအားလုံးဖြစ်သည် ဟူ၍ King-Top ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Vu Van Thuan မှာ ပြောကြားခဲ့သည်။ 

"ဗီယက်နမ်ခရီးသည်တွေဟာ ဆီးနှင်းတောင်ကို အထူးစိတ်တိမ်းညွတ်ကြပြီး မြန်နှုန်းမြင့်ရထားစီးခြင်းနဲ့ တိုင်းရင်းသားယဉ်ကျေးမှုတွေ စူးစမ်းလေ့လာခြင်း တို့ကို နှစ်သက်ကြတယ်။" ဤသည်မှာ ကူမင်း တရုတ် အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်း လီမီတက်ကုမ္ပဏီ၏ အထွေထွေမန်နေဂျာလက်ထောက် လျူရှင်းသည် ဗီယက်နမ်ခရီးသည်များ၏ ခရီးသွားလာရေးနှစ်သက်မှုများအပေါ်  လေ့လာတွေ့ရှိချက် ဖြစ်သည်။ နောက်နောင်တွင် ဗီယက်နမ်နှင့် ယူနန်တို့သည် ဗီယက်နမ်နိုင်ငံ ဟာဂျန်းပြည်နယ်၊ လောင်ကိုင်းပြည်နယ်နှင့် ယူနန်ပြည်နယ် ဆက်သွယ်ပေးသည့် ဂေဟစနစ် ခြေလျင်လျှောက်လမ်းကြောင်းများကို ဖွင့်လှစ်ရန်၊ ရထားခရီးစဉ်များ၊ နယ်စပ်ဖြတ်ကျော် ကိုယ်တိုင်မောင်းနှင်ခရီးစဉ်များ၊ စီးပွားရေးညီလာခံများနှင့် ပြပွဲများ၊ တိုင်းရင်းသားယဉ်ကျေးမှုပွဲတော်များဆိုင်ရာ ခရီးသွားလမ်းကြောင်းနှင့် လေ့လာရေးခရီးစဉ်လုပ်ငန်းရပ်အမျိုးမျိုးကို တိုးချဲ့ရန် စဉ်းစားမည် ဟုလည်း Vu Van Thuan မှာ မျှော်ကြည့်သည်။ "ဗီယက်နမ်နိုင်ငံရှိ လူငယ်မျိုးဆက်ဟာ ဒေသခံယဉ်ကျေးမှုတွေကို စူးစမ်းလေ့လာဖို့နဲ့ တွေ့ကြုံခံစားဖို့ စိတ်ဝင်စားကြပြီး ယူနန်ရှိ မတူကွဲပြားတဲ့အရင်းအမြစ်တွေက သူတို့ရဲ့လိုအပ်ချက်တွေနဲ့ လုံးဝကိုက်ညီပါတယ်။"


222

昆明的夜晚对来自越南老街的游客阮氏玉红来说,十分热闹,令人流连忘返。她说:“南强夜市里,本地特色小吃、东南亚风味、文创纪念品应有尽有……一路逛下来,根本捂不住钱包。”而在建水县,河内游客范玉珠则对朱家花园景区里的越南语标识和宣传片印象深刻,“多语种服务很贴心”。

当前,滇越跨境旅游持续升温,而多元旅行体验是越南游客钟情于云南的理由。今年以来,仅越南King-Top国际商贸与旅游发展有限公司就已组织了约3000名越南游客赴云南旅游。公司总经理武文遵表示,云南丰富多样的旅游线路契合了越南游客的偏好,比如以凉爽气候和特色风光著称的“昆明—大理—丽江”线,自然奇观集中的“昆明—石林—西山龙门”线,融合雪山与人文风光的“丽江—玉龙雪山—束河古镇”线,以及香格里拉这类适合自驾徒步的目的地,都是越南游客游云南的热门选择。

“越南游客格外向往雪山,喜欢搭乘高铁、喜欢探访民族文化。”这是昆明中国国际旅行社有限公司总经理助理刘欣对越南游客在旅游偏好上的观察。武文遵也展望,未来越滇两地可考虑开发连接越南河江、老街与云南的生态徒步线路,拓展铁路游览、跨境自驾、商务会展及民族文化节庆旅游线路和各类研学游项目。“越南年轻一代热衷打卡探索、沉浸式体验本土文化,而云南拥有的多元资源正好匹配他们的需求。”(春城晚报 记者常远 李玲)


အယ်ဒီတာ:ကိုကိုမောင် တာဝန်ခံအယ်ဒီတာ:Xu Ting

展开导航

电话:0871-65390101 地址:云南省昆明市高新区科高路1999号高新孵化君浩大厦A座9楼

滇B2-20090009 Copyright © 2019-2022昆明信息港版权所有 All rights reserved

版权所有:昆明经开区融媒体中心、昆明信息港