你现在的位置:首页 > မြန်မာဘာသာ
တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် ခရီးသည်စီးဆင်းမှု ပမာဏသည် အကြိမ်ရေ ၅ သန်းကျော်ရှိပြီ
来源:时间:2026-01-09 09:53:35
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ ၁၂ နာရီအထိ ရွှေလီဆိပ်ကမ်း၌ ၂၀၂၅ ခုနှစ်တွင် ပြည်ဝင်ပြည်ထွက် ခရီးသည်စီးဆင်းမှု ပမာဏသည် အကြိမ်ရေ ၅ သန်းကျော်ရှိပြီ ဖြစ်ပြီး ၅၀၀.၀၈ သောင်းအထိ ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကလထက် ၈.၈၄ ရာခိုင်နှုန်း တိုးလာခဲ့သည်၊ ပြည်ဝင်ပြည်ထွက် မော်တော်ယာဉ် အစီး ၄၅.၃၈ သောင်းအထိ ရောက်ရှိခဲ့ပြီး ဆိပ်ကမ်း၏ အဓိကလျာထားချက်အားလုံးသည် မကြာသေးမီနှစ်များအတွင်း အမြင့်ဆုံးစံချိန်သစ်များ ရရှိခဲ့သည်။ အနောက်တောင်နယ်စပ်တွင် တည်ရှိသော ဤ "ရွှေတံခါးပေါက်" သည် အားမာန်ပြည့်ဖြိုးသော တံခါးဖွင့်သက်ဝင်အားနှင့် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်မှုနှင့် လူသားဆိုင်ရာ ရောပေါင်းသော အခန်းကဏ္ဍသစ်တစ်ခုကို ရေးသားနေပါသည်။
တရုတ်-မြန်မာ နယ်စပ်ရှိ အကြီးဆုံးသော ကုန်းတွင်းဆိပ်ကမ်းအနေဖြင့် ရွှေလီဆိပ်ကမ်းသည် ယူနန်-မြန်မာ ကုန်သွယ်မှု၏ ၇၀ ရာခိုင်နှုန်းကျော်နှင့် တရုတ်-မြန်မာ ကုန်သွယ်မှု၏ ၃၀ ရာခိုင်နှုန်းခန့် ရှိသော အကောက်ခွန်ရှင်းလင်းရေးပမာဏကို အမြဲတမ်း သယ်ဆောင်ထားပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသနှင့် မြန်မာနိုင်ငံ၏ စားသုံးသူဈေးကွက်ကို ချိတ်ဆက်ပေးသည့် ရွှေရောင်ဗဟိုချက်မ ဖြစ်သည်။ ခရီးသည်စီးဆင်းမှု ၅ သန်း၏ နောက်ကွယ်တွင် "နည်းပညာဖြင့် စွမ်းရည်ကို မြှင့်တင်ခြင်း + မူဝါဒများကို ကောင်းမွန်အောင် ပြုလုပ်ခြင်း" ဟူသော နယ်ပယ်နှစ်ခု၏ ပူးတွဲဆောင်ရွက်မှု မှတစ်ဆင့် ထုတ်လွှတ်သော အကောင်းသည့် စွမ်းအင် ရှိသည်။
"အရင်က စာရွက်ပုံစံတွေကို နေရာမှာတင် ဖြည့်ရတယ်၊ အဲဒါက အန္တရာယ်များပြီး အချိန်ကုန်တယ်။ အခုတော့ တရုတ်နိုင်ငံထဲကို မဝင်ခင် ဖုန်းနဲ့ နှစ်မိနစ်အတွင်း ပြီးမြောက်ပြီ ဖြစ်တယ်" ဝင်ခွင့်လုပ်ငန်းစဉ်များကို မကြာသေးမီကမှ ပြီးမြောက်ခဲ့သော မြန်မာနိုင်ငံမှ ကုန်သည် ဦးအောင်ကျော်က သူ၏ အီလက်ထရွန်းနစ် ဖြည့်သွင်းဖြေစာကို ပြသထားပြီး အွန်လိုင်းပေါ်တွင် ဖြည့်သွင်းသောမူဝါဒအသစ်ကို ချီးကျူးဂုဏ်ပြုခဲ့ပါသည်။ ယခုနှစ် နိုဝင်ဘာလတွင် ရွှေလီဆိပ်ကမ်းသည် အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာန၏ နိုင်ငံခြားသားများရှိ ဝင်ခွင့်ကတ်များအတွက် အွန်လိုင်းပေါ်တွင် ဖြည့်သွင်းသောဆောင်ရွက်ချက်ကို ထိရောက်စွာ ပြုလုပ်ခဲ့ပြီး နိုင်ငံခြားသားခရီးသည်များအား အကောက်ခွန်ရှင်းလင်းရေးအတွေ့အကြုံတွင် "အရည်အသွေးဆိုင်ရာ ခုန်ပျံကျော်လွှားမှု"ကို ရရှိစေခဲ့သည်။
အုပ်စုအမျိုးမျိုးအတွက် ရွှေလီဆိပ်ကမ်းသည် "တရုတ်နိုင်ငံသားများအတွက် အမြန်လမ်းကြောင်း"၊ "တရုတ်နိုင်ငံသို့ ဝင်ရောက်ဆေးကုသမှုအတွက် အထူးလမ်းကြောင်း"၊ "လတ်ဆတ်သော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ တန်းစီစရာမလိုသောလမ်းကြောင်း" နှင့် "နယ်စပ်ဖြတ်ကျော်ကျောင်းသားများအတွက် နေရောင်ခြည်လမ်းကြောင်း" စသည့် အမြန်လမ်းကြောင်းများစွာကို ဖွင့်လှစ်ခဲ့၍ ရဲတပ်ဖွဲ့၏ အရင်းအမြစ်များကို သိပ္ပံနည်းကျ ခွဲဝေချထားပေးခြင်းနှင့် "ပြတင်းပေါက်များကို ပျော့ပျောင်းစွာ တိုးဖွင့်ခြင်း" နှင့် "စစ်ဆေးချိန် ကွဲပြားခြင်း" စသည်တို့ နည်းလမ်းများကို ကျင့်သုံးခြင်းအားဖြင့် ဆိပ်ကမ်းရှင်းလင်းရေး၏ ထိရောက်မှုကို မြှင့်တင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သည်။
"တံခါးပေါက်ကို ကာကွယ်စောင့်ရှောက်ခြင်းသည် အရေးကြီးသော်လည်း ပြည်သူလူထု၏ နေထိုင်မှုဘဝကို ဝန်ဆောင်မှုပေးခြင်းသည် ပို၍ပင် အရေးကြီးပါသည်။" တစ်ခုတည်းသော အကောက်ခွန်ရှင်းလင်းရေးလမ်းကြောင်းမှ လုပ်ဆောင်ချက်များပါဝင်သော တံခါးဖွင့်ပလက်ဖောင်းအဖြစ်သို့ ရွှေလီဆိပ်ကမ်း၏ ပြောင်းလဲခြင်းသည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအကြား ပေါက်ဖော်ချစ်ကြည်မှု၏ အသက်ဝင်သော မျက်မြင်သက်သေခြင်း ဖြစ်ပြီး နယ်စပ်ဒေသများတွင် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှု၏ အားကောင်းသည့် ဖွင့်ဆိုချက်လည်း ဖြစ်သည်။ ကိန်းဂဏန်းအချက်အလက်များအရ ဆိပ်ကမ်းစီးဆင်းမှု စဉ်ဆက်မပြတ် တိုးလာခြင်းကြောင့် နယ်စပ်ဒေသခံ ၆၀၀၀ ကျော်သည် နယ်စပ်အပြန်အလှန်ကုန်သွယ်ရေးတွင် ပါဝင်ဆောင်ရွက်လာကြပြီး အချောကိုင်လုပ်ငန်းကုမ္ပဏီအရေအတွက် ၃၇ ခုအထိ တိုးလာကာ ကုန်သွယ်မှုပမာဏသည် လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၁၂၀ ရာခိုင်နှုန်း တိုးလာပြီး ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်မှု နှစ်ဦးနှစ်ဖက် အကျိုးပြုစေရန် အကောင်အထည်ဖော်ပါသည်။
截至2025年12月18日12时,瑞丽口岸2025年旅客出入境流量突破500万大关,达500.08万人次,同比增长8.84%;出入境车辆45.39万辆次,口岸主要核心指标均创近年新高,这座屹立在西南边陲的“黄金门户”,正以澎湃的开放活力,书写着中缅经贸人文交融的新篇章。
作为中缅边境最大陆路口岸,瑞丽口岸一直以来承载着滇缅贸易70%以上、中缅贸易30%左右的通关量,是联通中国西南地区与缅甸人口消费市场的黄金枢纽。500万客流背后,是“科技赋能+政策优化”双轮驱动释放的强劲动能。
“以前现场填纸质表格,既怕写错又耽误时间,现在入境前用手机两分钟就能搞定!”刚办完入境手续的缅甸商人吴昂觉,展示着电子填报回执,为网上填报新政点赞。今年11月,瑞丽口岸高效落地国家移民管理局外国人入境卡网上填报举措,让外籍旅客通关体验实现“质的飞跃”。
针对不同群体,瑞丽口岸开设“中国公民快捷通道”“入境就医特别通道”“新鲜果蔬免排通道”“跨境学童阳光通道”等多条快捷通道,通过科学调配警力,采取“弹性增开窗口”“错峰查验”等方式,全力提升口岸验放效率。
“守好国门,更要服务好民生。”从单一通关通道到多功能开放平台,瑞丽口岸的蝶变,是中缅胞波情谊的生动见证,更是沿边地区高质量发展的有力诠释。数据显示,口岸流量持续攀升带动6000余名边民参与互市贸易,落地加工企业增至37家,贸易额同比增长120%,实现口岸发展与民生改善双向共赢。(云南网 通讯员管宸铭 王建勋 记者刘畅)

