你现在的位置:首页 > မြန်မာဘာသာ
ပထမဆုံးအကြိမ် လန်ချန်း-မဲခေါင် နိုင်ငံများ သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုပြိုင်ပွဲကို စတင်ကျင်းပခဲ့
来源:ရောင်စုံတိမ်တံတား时间:2026-01-09 09:31:35
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီက "လန်ချန်း-မဲခေါင်ဒေသ၌ ဉာဏ်ပညာများစုဆောင်းခြင်း၊ အနာဂတ်ကို ဖန်တီးပြီး မျှဝေခံစားခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ် လန်ချန်း-မဲခေါင် နိုင်ငံများ သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုပြိုင်ပွဲ၏ ပဏာမပြိုင်ပွဲကို တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ်နှင့် ရှန်ဟိုင်းမြို့၊ ထိုင်းနိုင်ငံရှိ ဘန်ကောက်မြို့ ၃ နေရာတို့၌ တပြိုင်နက် စတင်ကျင်းပခဲ့သည်။ ပြိုင်ပွဲသည် လန်ချန်း-မဲခေါင် ဒေသမှ ဆန်းသစ်တီထွင်မှု ဉာဏ်ပညာများကို စုဆောင်းရန် ရည်ရွယ်ပြီး သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် သိပ္ပံနည်းပညာရလဒ်များ အသွင်ပြောင်းမှုကို နက်ရှိုင်းစေရန်၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အနာဂတ်သစ်ကို ပူတွဲဖန်တီးရန် ရည်ရွယ်ပါသည်။
ဤအကြိမ်ပြိုင်ပွဲသည် လန်ချန်း-မဲခေါင်မြစ်ဝှမ်းရှိ နိုင်ငံ ၆ နိုင်ငံ(တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်)တို့ကို မျက်နှာမူ၍ နောက်ဆုံးပေါ် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု စီမံကိန်းများအား ကျယ်ပြန့်စွာ စုဆောင်းမည် ဖြစ်ကာ စီမံကိန်းများ၏ အရင်းအမြစ်များမှာ တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် လုပ်ငန်းကုမ္ပဏီများ ပါဝင်ထားသည် ဖြစ်သည်။ ပြိုင်ပွဲတွင် ဇီဝဆေးဝါး၊ ခေတ်မီ စိုက်ပျိုးရေး၊ ပစ္စည်းအသစ်များ၊ ဉာဏ်ရည်တု (AI)နှင့် အစိမ်းရောင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စသည့် နယ်ပယ်များမှ အတူတူ အာရုံစူးစိုက်သည့် အရေးကြီးသော စက်မှုလုပ်ငန်းများကို အဓိကထား ယှဉ်ပြိုင်မည် ဖြစ်ကာ လုပ်ငန်းကုမ္ပဏီနှင့် အဖွဲ့ အမျိုးအစား ၂ မျိုးကို စီစဉ်၍ ပဏာမ၊ ဆီမီးဖိုင်နယ်နှင့် အဆုံးသတ်တို့ အပါအဝင် အဆင့် ၃ ဆင့် ပြိုင်ပွဲစနစ်ဖြင့် အနိုင်ရသူများကို ရွေးချယ်မည် ဖြစ်သည်။ နာမည်စာရင်းပေးသွင်းပြီး ကတည်းက ပြိုင်ပွဲသည် နိုင်ငံ ၆ နိုင်ငံမှ အရည်အသွေးမြင့် စီမံကိန်းများစွာကို ပြိုင်ပွဲပါဝင်ရန် ဆွဲဆောင်လာခဲ့၍ ၄င်းတို့အနက် ပြည်ပ စီမံကိန်းများ၏ အချိုးအစားသည် ပိုမိုမြင့်မားသည်မှာ ပြိုင်ပွဲ၏ နိုင်ငံတကာ လွှမ်းမိုးမှုကို ပြသသည် ဖြစ်သည်။
ဤပြိုင်ပွဲသည် ယူနန်ပြည်နယ် သိပ္ပံနှင့်နည်းပညာဦးစီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရာရုံးတို့မှ ပူးတွဲဦးစီးကျင်းပသည် ဖြစ်သည်။ ပဏာမပြိုင်ပွဲတွင် "အွန်လိုင်း မျက်စိကန်းအကဲဖြတ်ရွေးချယ်ခြင်း" ယန္တရားကို လက်ခံကျင့်သုံး၍ အကဲဖြတ်အဖွဲ့တွင် လန်ချန်း-မဲခေါင်မြစ်ဝှမ်းရှိ နိုင်ငံ ၆ နိုင်ငံမှ အကြီးတန်း နည်းပညာကျွမ်းကျင်သူ၊ ဆက်စပ်စက်မှုလုပ်ငန်းများတွင် သြဇာကြီးသော ပုဂ္ဂိုလ်နှင့် ရင်းနှီးမြှုပ်နှံသူ အဦးပေါင်း ၄၅ ဦး ပါဝင်ထားသည် ဖြစ်သည်။ ပဏာမပြိုင်ပွဲတွင် အတန်းတက်သည့် သူများစာရင်းကို ပြိုင်ပွဲ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် တရားဝင် ကြေညာမည် ဖြစ်သည်။
近日,“智汇澜湄·创享未来”——首届澜湄国家科技创新大赛初赛在中国云南、上海与泰国曼谷三地同步启动。赛事旨在汇聚澜湄区域创新智慧,深化科技合作与成果转化,共同塑造区域发展新未来。
本次大赛面向澜沧江—湄公河流域六国(中国、缅甸、老挝、泰国、柬埔寨、越南)广泛征集前沿科技创新项目,项目来源涵盖高校、科研院所及企业。赛事聚焦生物医药、现代农业、新材料、人工智能及绿色可持续发展等区域共同关注的重点产业领域,设立企业组与团队组双赛道,通过初赛、复赛、决赛三级赛制选拔优胜者。自启动报名以来,大赛吸引了六国大量优质项目踊跃参与,其中境外项目占比较高,彰显了赛事的国际影响力。
本次大赛由省科技厅与省政府外事办公室联合主办。赛事初赛采用“网络盲评”机制,评审团由来自澜湄六国的45位资深技术专家、相关产业影响力人士及投资者组成。初赛晋级名单将在大赛官网正式公布。(云南日报 记者季征)

