你现在的位置:首页 > မြန်မာဘာသာ

ပထမဆုံးအသုတ် မြန်မာ့ကျောက်စိမ်းများသည် ယူနန်ပြည်နယ်ရှိ မိန်းတိန် ချင်းရွှေဟော်ဂိတ်၌ အကောက်ခွန် အဆင်ပြေချောမွေ့စွာ ကျော်ဖြတ်

来源:ရောင်စုံတိမ်တံတား时间:2025-12-12 17:21:29

111

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့) မကြာသေးမီက ကီလိုဂရမ် ၅၄၀ လေးသော မြန်မာ့ကျောက်စိမ်းနှင့် သက်ဆိုင်ရာထုတ်ကုန်များ အသုတ်သည် ကူမင်းအကောက်ခွန်ဌာန လက်အောက်ရှိ မိန်းတိန်အကောက်ခွန်ဌာန၏ အမှုထမ်းများမှ စောင့်ကြပ်အုပ်ချုပ်မှုအောက်တွင် အကောက်ခွန် အဆင်ပြေချောမွေ့စွာ ကျော်ဖြတ်ခဲ့သည်၊ ၄င်းသည် ယူနန်ပြည်နယ်ရှိ မိန်းတိန် ချင်းရွှေဟော်ဂိတ် မှတစ်ဆင့် တင်သွင်းခဲ့သော ပထမဆုံးအသုတ် မြန်မာ့ကျောက်စိမ်းများ ဖြစ်သည်။

2013674_700x700

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအကြား ကျောက်စိမ်းကုန်သွယ်မှုသည် ရှည်လျားသော သမိုင်းကြောင်း ရှိပြီး မိန်းတိန် ချင်းရွှေဟော်ဂိတ်သည် မြန်မာနိုင်ငံရှိ အဓိက ကျောက်မျက်ရတနာ ကုန်ထွက်ရာဒေသများနှင့် နီးကပ်သည် ဖြစ်သည်၊ ဤလုပ်ငန်း၏ အောင်မြင်မှုသည် မြန်မာ့ကျောက်စိမ်းများ တင်သွင်းရန်အတွက် ကုန်းလမ်းကြောင်းအသစ် တစ်ခုကိုလည်း ဖွင့်လှစ်ပေးခဲ့ပြီ ဖြစ်သည်။ "အရင်တုန်းက ကျွန်တော်တို့က လျင်ချန်းမြို့မှာ ကျောက်စိမ်းဝယ်ယူတဲ့အခါ နေရာများစွာမှာ ဖြန့်ဖြူးရေးနဲ့ လွှဲပြောင်းမှု အကြိမ်ကြိမ် လုပ်ခဲ့ရပါတယ်၊ ယခုကတော့ ချင်းရွှေဟော်ဂိတ်ကနေ တိုက်ရိုက်တင်သွင်းနိုင်တာကြောင့် ပို့ဆောင်ရေးကုန်ကျစရိတ်က ၁၅ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ပြီး ပို့ဆောင်ရေးအချိန်က ၂ ရက်မှ ၃ ရက်အထိ တိုလာပါတယ်။" ဟု ယွိရွန်ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ မန်ဒွမ်က ပြောကြားခဲ့သည်။

"ကျောက်စိမ်းကုန်သွယ်မှုက ယူနန်ပြည်နယ်ရဲ့ ထူးခြားတဲ့ စက်မှုလုပ်ငန်း တစ်ခုဖြစ်တယ်၊ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံအကြား ကျောက်စိမ်းတင်သွင်းတင်ပို့မှု ကုန်သွယ်မှု ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် ပြည်နယ်ရဲ့ အရင်းအမြစ်တွေကို ထိရောက်စွာ  အသုံးချနိုင်ပြီး ဆိပ်ကမ်းစီးပွားရေးကို ခိုင်မာစေနိုင်ပါတယ်။ နောက်တစ်ဆင့်မှာ မိန်းတိန်အကောက်ခွန်ဌာနက စောင့်ကြပ်အုပ်ချုပ်ရေးကို အားကောင်းစေပြီး ဝန်ဆောင်မှုကို ကောင်းမွန်စေမယ်၊ နယ်စပ်လုံခြုံရေးကို သေချာစေရင်း ဆိပ်ကမ်းလမ်းကြောင်းရဲ့ ကိန်းဝပ်စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ပြီး အထူးကုန်စည်များ တင်သွင်းတင်ပို့မှုကို ပုံမှန်ဖြစ်စေပြီး ထုထည်ကြီးမားစေပြီး နယ်စပ် တံခါးဖွင့်စီးပွားရေးရဲ့ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအင်အသစ်တွေ ထည့်သွင်းပေးမယ်။" ဟု မိန်းတိန်အကောက်ခွန်ဌာန၏ ညွှန်ကြားရေးမှူး လီကျုံးချန်းက ပြောကြားခဲ့သည်။

222

近日,一批重540千克的缅甸翡翠及制品在昆明海关所属孟定海关关员的监管下顺利通关,这是云南孟定清水河口岸进口的首票缅甸翡翠。

2013674_700x700

中缅翡翠贸易历史悠久,孟定清水河口岸毗邻缅甸主要宝玉石产区,此次首票业务的成功,也为缅甸翡翠进口开辟了一条新的陆路通道。“以往我们在临沧采购翡翠需经多地集散、多次周转,现在清水河口岸能直接进口,物流成本可降低约15%,供货周期能缩短2至3天。”渝润公司总经理漫端说。

“翡翠贸易是云南的特色产业,推动中缅翡翠进出口贸易健康发展,能有效发挥资源禀赋壮大口岸经济。”孟定海关关长李忠诚表示,“下一步,我关将继续强化监管、优化服务,在保障国门安全的前提下,全力释放口岸通道潜力,推动特色商品进口常态化、规模化,为沿边开放型经济高质量发展注入新动能。”(云南网 记者杨之辉 通讯员杨晓婕 谢承睿)

အယ်ဒီတာ:လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ:Xu Ting

展开导航

电话:0871-65390101 地址:云南省昆明市高新区科高路1999号高新孵化君浩大厦A座9楼

滇B2-20090009 Copyright © 2019-2022昆明信息港版权所有 All rights reserved

版权所有:昆明经开区融媒体中心、昆明信息港