你现在的位置:首页 > မြန်မာဘာသာ
ကူမင်းမြို့ တျန်းချီရေကန်၏ စောင်ဟိုင်ဧရိယာရှိ ဖွင့်ပိတ်နိုင်သောဗော့တံတားကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဖွင့်လှစ်မည်
来源:ရောင်စုံတိမ်တံတား时间:2025-10-09 09:50:04
ကူမင်းမြို့ တျန်းချီရေကန်၏ စောင်ဟိုင်ဧရိယာရှိ ဖွင့်ပိတ်နိုင်သောဗော့တံတားကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်သည်။ ထိုအချိန်တွင် လူများသည် ဤဗော့တံတားပေါ်သို့ တက်လှမ်းနိုင်ပြီး တျန်းချီရေကန်၏ စောင်ဟိုင်ဧရိယာ၏ ထူးခြားသော ညှို့နိုင်စွမ်းကို နီးကပ်စွာ ခံစားနိုင်မည် ဖြစ်သည်။
ဤဗော့တံတား၏ အရှေ့ဘက်စွန်းသည် စောင်ဟိုင် အရှေ့ဘက်ကမ်းရိုးတန်း ရိပ်သာလမ်းနှင့် ဆက်သွယ်ထားပြီး အနောက်ဘက်စွန်းတွင် တုံးဖုန်းဘမှတဆင့် စောင်ဟိုင် အနောက်ဘက်ကမ်းရိုးတန်းနှင့် ဆက်သွယ်ထားပြီး စုစုပေါင်းအရှည် မီတာ ၅၀၀ ခန့် ရှိပြီး ခုံးတံတားနှစ်ခု၊ ဖွင့်ပိတ်နိုင်သောအပိုင်းတစ်ခုနှင့် အပျော်စီးအလှပြလှေ တစ်စင်းတို့ကို ပါ၀င်သည့် လူကူးဗော့တံတားတစ်ခု ဖြစ်သည်။ ဗော့တံတား ဖွင့်သောအခါစောင်ဟိုင်ဧရိယာ အတွင်းပိုင်းရေပြင်နယ်နိမိတ်နှင့် တျန်းချီရေကန် ရေပြင်နယ်နိမိတ်တို့ကို ချိတ်ဆက်ထားပြီး ပိတ်သောအခါ လမ်းသွားလမ်းလာများအတွက် စောင်ဟိုင်၏ အရှေ့ဘက်ကမ်းရိုးတန်းနှင့် အနောက်ဘက်ကမ်းရိုးတန်းတို့ကို ချိတ်ဆက်ပေးပြီး တည်ရှိသောရေပြင်နယ်နိမိတ်သည် အတော်လေး ကျယ်ပြန့်သောကြောင့် ခရီးသည်များသည် ခုံးတံတားပေါ်၌ ရပ်တည်သည့်အခါ အနောက်ဘက်သို့ မျက်နှာမူလျှင် အိပ်နေသော အလှမယ်ကဲ့သို့သော ရှီးဆန်းတောင်ကို ကြည့်နိုင်ပြီး အရှေ့ဘက်သို့ မျက်နှာမူလျှင် တျန်းချီရေကာတာကို မြင်တွေ့နိုင်သည်။
လှပသောရှုခင်းများကို ရှုစားနိုင်သည့်အပြင်၊ ဤဗော့တံတားဘေးတွင် ရှုခင်းကြည့်ပလက်ဖောင်းများနှင့် အနားယူနေရာများကို စီစဉ်ထား၍ ခရီးသည်များမှာ ဤနေရာများ၌ ရပ်တန့်ပြီး ဓာတ်ပုံရိုက်နိုင်ကြသည်။ ကမ်းနားရှိ တျန်းအန့်ကော်ဖီစင်္ကြံတွင် ကော်ဖီများ၊ သရေစာများနှင့် ယဉ်ကျေးမှုဆန်းသစ်တီထွင်မှု အထိမ်းအမှတ်ပစ္စည်းများကို ပေးအပ်မည် ဖြစ်၍ ခရီးသည်များအား လည်ပတ်ကြည့်ရှုရာတွင် ဒေသခံ အစားအစာများကို မြည်းစမ်းစေပြီး အထိမ်းအမှတ်ပစ္စည်းများကို ဝယ်ယူစေမည် ဖြစ်သည်။
ဓာတ်ပုံဝါသနာရှင်များအတွက် တျန်းချီရေကန်၏ စောင်ဟိုင်ဧရိယာရှိ ဖွင့်ပိတ်နိုင်သောဗော့တံတားသည် ဓာတ်ပုံရိုက်ရန် အကောင်းဆုံးသော နေရာတစ်ခု ဖြစ်သည်။ နံနက်ခင်း ပထမဆုံး နေရောင်ခြည်သည် တံတားအပေါ် ပြန့်ကြဲပြီး သို့မဟုတ် ညနေခင်း နေဝင်ဆည်းဆာသည် ရေကန်မျက်နှာပြင်ကို ရွှေဝါရောင်အဖြစ် ဆေးဆိုးပဲဖြစ်ဖြစ် အံ့သြဖွယ်ကောင်းသော ဓာတ်ပုံများကို ရိုက်နိုင်ပါသည်။
အများပြည်သူများကို စောင်ဟိုင်ဧရိယာကို အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားစေရန် ကူမင်းယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်း ကုမ္ပဏီအုပ်စုသည် ဗော့တံတား၏ ဗဟိုဧရိယာအနီးတွင် မော်တော်ယာဉ်ဝင်းများနှင့် QR ကုဒ်ကို စကင်န်ဖတ်ပြီး ကိုယ်တိုင် စက်ဘီးစီးနိုင်သည့် နေရာများကို စီစဉ်ထား၍ လျှပ်စစ်ယာဉ် လမ်းကြောင်း ၃ ခုကိုလည်း ဖွင့်လှစ်ပေးမည် ဖြစ်သည်။
မော်တော်ယာဉ်ဝင်း
၁။ တျန်းချီရေကန် အရှေ့ဘက်ကမ်းရိုးတန်းရှိ ရှီးဘဟယ်စားခန်း မော်တော်ယာဉ်ဝင်း
ရှီးဘဟယ်စားခန်းဘေးတွင် တည်ရှိပြီး ဖွင့်ပိတ်နိုင်သောဗော့တံတား၏ ဗဟိုဧရိယာနှင့် ၁ ကီလိုမီတာခန့် ကွာဝေးပြီး ကားရပ်နေရာ အခု ၂၀၀ ခန့် ပေးနိုင်သည်။
၂။ တာ့ကွမ်းဥယျာဉ်ဧရိယာရှိ ရှောင်တောင်ရွာ မော်တော်ယာဉ်ဝင်း
တာ့ကွမ်းဥယျာဉ် ဆုံလည်ချပ်ပြားဝိုင်း၏ မြောက်ဘက်တွင် တည်ရှိပြီး ဖွင့်ပိတ်နိုင်သောဗော့တံတား၏ ဗဟိုဧရိယာနှင့် ၆ ကီလိုမီတာခန့် ကွာဝေးပြီး ကားရပ်နေရာ အခု ၁၀၀ ခန့် ပေးနိုင်သည်။
ကားထိုးရပ်ပြီးနောက် အများပြည်သူများသည် လျှပ်စစ်ယာဉ် သို့မဟုတ် စက်ဘီးများဖြင့် ဖွင့်ပိတ်နိုင်သောဗော့တံတားသို့ သွားနိုင်ကြသည်။
QR ကုဒ်ကို စကင်န်ဖတ်ပြီး ကိုယ်တိုင်စက်ဘီးစီးသည့် နေရာ ၁၁ ခု
ကျင်းတိယူဟိုင် နံပါတ် ၁၊ ထင်းဟိုင်ဥယျာဉ်၊ ကော်ဖီပွဲတော် နေရာ နံပါတ် ၁ အများသုံးအိမ်သာရင်ပြင်၊ ဟူပင်စိုစွတ်မြေ အနောက်ဘက်၊ ဟူပင်စိုစွတ်မြေ အရှေ့ဘက်၊ ကျူပင်များရေတိမ်ကန်၊ ဘောင်နိမ်တျန်းချီကျူရှီ၊ လော်ကျိုးစိုစွတ်မြေ အနောက်ဘက်၊ လော်ကျိုးစိုစွတ်မြေ အရှေ့ဘက်၊ ဖွင့်ပိတ်နိုင်သောဗော့တံတားဘေးမှ ခရီးသည်ဝန်ဆောင်ပေးစင်တာ၊ ဟွာရှစီကျီတို့ ဖြစ်သည်။
လျှပ်စစ်ယာဉ်လမ်းကြောင်း
၁။ ဖွင့်ပိတ်နိုင်သောဗော့တံတား၏ တောင်လိုင်း
လမ်းကြောင်းတစ်ခုလုံး ၂ ကီလိုမီတာ ရှိပြီး စောင်ဟိုင်ရေကာတာ(ဒုတိယ) (အီလက်ထရွန်းနစ်ဖန်သားပြင်ကြီး အောက်တွင်)၊ ယွန်ချောင်စိုစွတ်မြေ၊ ရှင်းဟယ်တံတား(ချမ်ဖုန်မြစ်တံတား၊ ဟွာရှစီကျီ)၊ ရှီးဘဟယ်စားခန်း မော်တော်ယာဉ်ဝင်း (ဖွင့်ပိတ်နိုင်သောဗော့တံတားရှိ ခရီးသည်ဝန်ဆောင်ပေးစင်တာ)၊ ဖွင့်ပိတ်နိုင်သောဗော့တံတား၏ အရှေ့ဘက်ကမ်းရိုးတန်း တို့ကို ဖြတ်ကျော်ပြီး လက်မှတ်ခ ၁၀ ယွမ် ဖြစ်သည်။
၂။ ဖွင့်ပိတ်နိုင်သောဗော့တံတား၏ မြောက်လိုင်း
လမ်းကြောင်းတစ်ခုလုံး ၆ ကီလိုမီတာ ရှိပြီး တာ့ကွမ်းဥယျာဉ်(အဝိုင်းပတ်လမ်း)၊ ယူဥယျာဉ်၊ ကျုံးထေဥယျာဉ် (ကျန်းမေရွာဆိပ်ကမ်း)၊ ရှီးဘဟယ်စားခန်း မော်တော်ယာဉ်ဝင်း (ဖွင့်ပိတ်နိုင်သောဗော့တံတားရှိ ခရီးသည်ဝန်ဆောင်ပေးစင်တာ)၊ ဖွင့်ပိတ်နိုင်သောဗော့တံတား၏ အရှေ့ဘက်ကမ်းရိုးတန်း တို့ကို ဖြတ်ကျော်ပြီး လက်မှတ်ခ ၁၅ ယွမ် ဖြစ်သည်။
၃။ ဖွင့်ပိတ်နိုင်သောဗော့တံတား၏ အရှေ့အနောက်ဘက်ကမ်းရိုးတန်းလိုင်း
လမ်းကြောင်းတစ်ခုလုံး ၁၄ ကီလိုမီတာ ရှိပြီး ဖွင့်ပိတ်နိုင်သောဗော့တံတား၏ အနောက်ဘက်ကမ်းရိုးတန်း (လူကျွန်း)၊ ဖွင့်ပိတ်နိုင်သောဗော့တံတား အပျော်စီးအလှပြလှေ(တျန်းဇီလှေ)၊ ဆွေ့ကျွန်း၊ တိမ်လွှာကြေးမုံ ရှုခင်းသာနေရာ၊ တုံးဖုန်းဘ(Sunac)၊ ဥယျာဉ်မြိုင်တော ပြတိုက်စင်တာ၊ တာ့ကွမ်းဥယျာဉ်(အဝိုင်းပတ်လမ်း)၊ ယူဥယျာဉ်၊ ကျုံးထေဥယျာဉ် (ကျန်းမာရွာဆိပ်ကမ်း)၊ ရှီးဘဟယ်စားခန်း မော်တော်ယာဉ်ဝင်း (ဖွင့်ပိတ်နိုင်သောဗော့တံတားရှိ ခရီးသည်ဝန်ဆောင်ပေးစင်တာ) တို့ကို ဖြတ်ကျော်ပြီး လက်မှတ်ခ ၁၈ ယွမ် ဖြစ်သည်။
昆明滇池草海开合浮桥将于9月30日通桥,届时,人们可以踏上这座浮桥,近距离感受滇池草海的独特魅力。
滇池开合浮桥东端连接草海东岸绿道,西端经由东风坝连接草海西岸,总长约500米,为人行栈道浮桥,由两个拱桥、一个开合段和画舫船构成。开合浮桥开启时连通草海内海和滇池水域,闭合时可为行人连通草海东西岸,所在水域较为开阔,游客在拱桥上,向西能直面西山睡美人,向东能看到滇池大坝。
除了欣赏美景,滇池开合浮桥旁还设有观景平台和休息区,游客们可以在这里驻足停留,拍照留念。岸边的滇岸咖啡将会提供文创咖啡、小吃、文创纪念品等产品,让游客们在游玩的过程中,品尝到当地的美食,购买到具有纪念意义的物品。
对于摄影爱好者来说,滇池草海浮桥更是一个绝佳的拍摄地。无论是清晨的第一缕阳光洒在浮桥上,还是傍晚的夕阳将湖面染成一片金黄,都能拍出令人惊艳的照片。
为方便公众漫步水上栈道体验“草海穿行”,昆明文旅集团将在开合浮桥核心区附近设置停车场、扫码自助骑行车点位,并开通3条接驳电瓶车线路,方便公众前往。
停车场:
1.滇池东岸片区西坝河驿站停车场
位于西坝河驿站旁,距开合浮桥核心区约1千米,可提供约200个泊位。
2.大观公园片区小岛村停车场
位于大观公园转盘北侧,距开合浮桥核心区约6千米,可提供约100个泊位。
公众停车后,可搭乘接驳电瓶车或扫码骑行自助骑行车,前往开合浮桥。
11个扫码自助骑行车点位:
金地云海一号、听海公园、咖啡节一号场地公厕广场、湖滨湿地西、湖滨湿地东、芦苇荡、宝能滇池九玺、螺洲湿地西、螺洲湿地东、开合浮桥游客中心、华夏四季。
接驳电瓶车线路:
1.开合浮桥南线
全程2千米,途经草海大坝副坝(电子大屏下)—永昌湿地—星河桥(船房河桥、华夏四季)—西坝河驿站停车场(开合浮桥游客中心)—开合浮桥东岸,票价10元。
2.开合浮桥北线
全程6千米,途经大观公园(环岛)—庾园—中铁公园 (彰美村码头)—西坝河驿站停车场(开合浮桥游客中心)—开合浮桥东岸,票价15元。
3.开合浮桥东西岸接驳线
全程14千米,途经开合浮桥西岸(芦岛)—开合浮桥画舫(滇泽舫)—翠岛—天空之镜—东风坝(融创)—园林策展中心—大观公园(环岛)—庾园—中铁公园 (彰美村码头)—西坝河驿站停车场(开合浮桥游客中心),票价18元。