你现在的位置:首页 > မြန်မာဘာသာ
တရုတ်-လာအို ရထားလမ်းသည် အရှေ့တောင်အာရှ ဒူးရင်းသီးများကို တရုတ်ဈေးကွက်တွင် အရောင်းကောင်းစေ
来源:ရောင်စုံတိမ်တံတား时间:2025-10-01 17:06:56
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နွေရာသီကာလ သယ်ယူပို့ဆောင်ရေး ကုန်ဆုံးသွားခဲ့သည် ဖြစ်သော်လည်း တရုတ်-လာအို ရထားလမ်း၏ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးသည် အလုပ်များနေသေးသည်။ ကူမင်းမြို့ ဆင်ခြေဖုံးတွင် တည်ရှိသော တရုတ်-လာအို ရထားလမ်းမှ နိုင်ငံတကာ ကုန်စည်တင်ရထား၏ အစမှတ် ဖြစ်သည့် China United International Rail Containers ကူမင်းဗဟိုဘူတာတွင် အလွန်စည်းကား၍ ReachStacker ၁၀ စီးကျော်သည် အပြန်အလှန် သွားလာနေပြီး ဒူးရင်းသီးများ အပြည့်ထည့်ထားသော အအေးခံကွန်တိန်နာများကို ကုန်တင်ကုန်ချနေကြသည်ကို တွေ့ခဲ့သည်။
ဒူးရင်းသီးများ အရောင်းကောင်းသော ရာသီချိန်တွင် Yunnan Hongyun International Logistics Port ၏ ကွန်တိန်နာများကို တင်ချသည့် ပြင်ညီစင်ပေါ်တွင် ထိရောက်သော အပြောင်းအရွှေ့ သယ်ယူပို့ဆောင်ရေး မြင်ကွင်းများကို နေ့စဉ်နေ့တိုင်း ဖြစ်ပေါ်နေသည်။ အလုပ်သမားများသည် အဖြူရောင် အအေးခံကွန်တိန်နာများထဲမှ ဒူးရင်းသီးများကို ရွှေ့ပြောင်းပြီးနောက် ကုန်တင်ကားကြီး၏ ကားခန်းထဲသို့ ထည့်သွင်းကြသည်၊ မိနစ် ၄၀ မပြည့်မီတွင် ဒူးရင်းသီး ၁၈ တန်ခန့်ကို ရထားများ၏ ကွန်တိန်နာများမှ ကုန်တင်ကားကြီးသို့ ရွှေ့ပြောင်းပြီးဆုံးသွားခဲ့သည်၊ ထို့နောက် နီးနားမှ သစ်သီးဈေးကွက်များသို့ သယ်ယူရောင်းချသည်။
"တရုတ်-လာအိုရထားလမ်း 'လန်ချန်း-မဲခေါင် အမြန်ရထားလမ်းကြောင်း' ကတစ်ဆင့် ကုန်စည်တွေကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ကနေ ထွက်ခွာပြီး အမြန်ဆုံးရင် ၂၆ နာရီကြာ ကူမင်းကို ပို့ဆောင်ရောက်ရှိနိုင်ပါတယ်။" တရုတ်-လာအို ရထားလမ်းကြောင့် အရှေ့တောင်အာရှ နိုင်ငံများမှ ထွက်ရှိသော ဒူးရင်းသီး အများအပြားကို တရုတ်နိုင်ငံသို့ တည်ငြိမ်မြန်ဆန်စွာ တင်ပို့နိုင်ကာ အကိုင်းအခက်များမှ လတ်လတ်ဆတ်ဆတ် ခူးဆွတ်ခြင်းမှအစ တရုတ်စားသုံးသူများ၏ စားပွဲပေါ်တွင် တင်ခြင်းအထိ ဒူးရင်းသီးများ၏ လတ်ဆတ်သော အရသာကို အကြီးမြတ်ဆုံးသော အတိုင်းအတာအထိ ထိန်းသိမ်းထားသည် ဖြစ်ကြောင်း China United International Rail Containers ကူမင်းဗဟိုဘူတာ၏ ဈေးကွက်ရှာဖွေရေးဌာန၏ တာဝန်ယူ၍ စီမံခန့်ခွဲသူ ဝုတ်တောင့်ချင်းက ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် တရုတ်-လာအို ရထားလမ်း တရားဝင် ဖွင့်လှစ်ခဲ့ပြီး တရုတ်နှင့် အာဆီယံအကြား အဆင်ပြေသော ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းတစ်ကြောင်းကို ထူထောင်ကာ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ခဲ့သည်။ "၂၀၂၂ ခုနှစ်ဆန်းမှာ China Railway Kunming Group Co., Ltd. က နေရာသတ်မှတ်ခြင်း၊ အချိန်သတ်မှတ်ခြင်း၊ လမ်းကြောင်းသတ်မှတ်ခြင်းနဲ့ ရထားနံပါတ်သတ်မှတ်ခြင်း ပါဝင်တဲ့ တရုတ်-လာအိုရထားလမ်း 'လန်ချန်း-မဲခေါင် အမြန်ရထားလမ်းကြောင်း' နိုင်ငံတကာ ကုန်တင်ရထားကို ခုတ်မောင်းပြေးဆွဲခဲ့ပြီး ဒီရထားက ဆိုက်ရောက်ချိန် ထိန်းချုပ်နိုင်ခြင်း၊ အကောက်ခွန်ရှင်းလင်းမှုနဲ့ လည်ပတ်မှု လျင်မြန်ခြင်း စတဲ့ ထူးခြားချက်တွေကို ရှိပါတယ်"ဟု China Railway Kunming Group Co., Ltd. ၏ ကုန်စည်ပို့ဆောင်ရေးဌာန၏ ဒုတိယဈေးကွက်ရှာဖွေရေးရုံး၏ ဒုတိယညွှန်ကြားရေးမှူး ထျန်ဟောင့်ဝန်က ပြောကြားခဲ့သည်။
တရုတ်-လာအို ရထားလမ်းသည် တင်သွင်းလာသည့် ဒူးရင်းသီးများ၏ ကုန်စည်ပျက်စီးမှုနှုန်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များကို သိသာစွာ လျှော့ချစေ၍ ၂၀၂၅ ခုနှစ်တွင် ကုမ္ပဏီ၏ ဒူးရင်းသီး ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်ထက် ၂၀ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားသည် ဖြစ်ကြောင်း Sichuan Langhao Import and Export Group Co., Ltd. ၏ အထွေထွေမန်နေဂျာ ဝန်ဟောင့်က မိတ်ဆက်ခဲ့သည်။
China Railway Kunming Group Co., Ltd. ၏ စာရင်းဇယားများအရ ယခုနှစ်အစပိုင်းမှ သြဂုတ်လ ၂၆ ရက်နေ့အထိ တရုတ်-လာအို ရထားလမ်းမှ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးရထား မှတစ်ဆင့် တင်သွင်းခဲ့သည့် ဒူးရင်းသီးများသည် တန်ချိန် ၁၅ သောင်းကျော် ရှိ၍ လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၉၁ ရာခိုင်နှုန်း တိုးလာခဲ့သည် ဖြစ်သည်။
ရထားလမ်း၏ ထိရောက်သော သယ်ယူပို့ဆောင်ရေးအပြင် ထောက်ပံ့ ကုန်စည်ပို့ဆောင်ရေး အဆောက်အဦများ၏ ပြီးပြည့်စုံခြင်းသည်လည်း ဒူးရင်းသီး ထောက်ပံ့ရေးကွင်းဆက်အတွက် ပိုမိုများပြားသော အသက်ဝင်အား ပေးသည်။

暑运落幕,中老铁路的国际货运依然繁忙。位于昆明市郊的中老铁路国际货物列车起点站——中铁联集昆明中心站一派热火朝天的景象:十多辆正面吊往来穿梭,装卸满载榴莲的冷链集装箱。
榴莲销售旺季,云南鸿运国际物流港的集装箱装卸作业平台上,高效的中转场景每天都在上演:工人从白色冷链集装箱内搬出盒装榴莲,放进大货车车厢,不到40分钟,约18吨榴莲就完成了从铁路集装箱到大货车的换装,随后就运往周边的水果市场销售。
“通过中老铁路‘澜湄快线’,货物从老挝万象出发,最快26个小时就可送抵昆明。”中铁联集昆明中心站市场部主管欧道卿说,得益于中老铁路,大量产自东南亚国家的榴莲可以稳定、快速地发往中国,从枝头鲜采到端上中国消费者的餐桌,最大程度保留了榴莲的新鲜口感。
2021年12月3日,中老铁路正式开通运营,在中国和东盟间构建起一条便捷物流通道,运输服务不断升级。“2022年初,中国铁路昆明局集团有限公司开行定点、定时、定线、定车次的中老铁路‘澜湄快线’国际货物列车,列车具有到货时间可控、通关和运行速度快等特点。”国铁昆明局货运部营销二室副主任田浩文说。
四川朗浩进出口集团有限公司总经理王浩介绍,中老铁路让进口榴莲的货损率和运输成本均显著降低,公司2025年的榴莲贸易量预计将比2024年增加20%。
中国铁路昆明局集团有限公司统计数据显示,今年以来,截至8月26日,通过中老铁路国际货运进口的榴莲超15万吨,同比增长91%。
除了铁路干线的高效运输,配套物流设施的完善也为榴莲供应链注入了更多活力。(中文稿件来源:昆明信息港)
