你现在的位置:首页 > မြန်မာဘာသာ

တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း၏ တည်ဆောက်မှုလုပ်ငန်းသည် ခရီးစဉ်သစ်ကို ဖွင့်လှစ်

来源:ရောင်စုံတိမ်တံတား时间:2025-09-30 16:58:16

1180510_700x700

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်သြဂုတ်လ ၃၀ ရက်နေ့တွင် တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်းသည်  ဆိုင်းဘုတ်တပ်ခြင်း ၆ နှစ်ပြည့်ကို ကြိုဆိုလာခဲ့သည်။ ထို့နောက် "တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် စည်းမျဉ်းဥပဒေ"ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့ပြီး ပထမဆုံးအကြိမ် နိုင်ငံတော်၏ "လွတ်လပ်သော ကုန်သွယ်မှု မြှင့်တင်ရေး မဟာဗျူဟာ"ကို ဒေသဆိုင်ရာ ဥပဒေပြုခြင်းပုံစံဖြင့် ခိုင်မာစေပြီး အကောင်အထည်ဖော်ခဲ့သည်၊ ၄င်းသည် လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်ကို အရည်အသွေးမြင့်မားစွာ တည်ဆောက်ရန် ခရီးစဉ်သစ်ကို ဖွင့်လှစ်ခဲ့သည် ဖြစ်၍ တောင်အာရှနှင့် အရှေ့တောင်အာရှသို့ မျက်နှာမူသည့် "ဗဟိုချက်မတစ်ခုနှင့် စင်တာနှစ်ခု"ကို တည်ဆောက်မည် ဖြစ်သည်။

လွန်ခဲ့သည့် ခြောက်နှစ်တာကာလအတွင်း ကူမင်းဧရိယာအပိုင်းသည် "ရဲဝံ့စွာ ကြိုးပမ်းအားထုတ်ခြင်း၊ ရဲဝံ့စွာ စမ်းသပ်ခြင်း၊ အမှီအခိုကင်းစွာ ပြုပြင်ပြောင်းလဲခြင်း" ဟူသော လွတ်လပ်သော ကုန်သွယ်မှု စိတ်ဓာတ် ဖြစ်ထွန်းအောင် ဆောင်ရွက်ရန် စွဲစွဲမြဲမြဲ ထိန်းသိမ်း၍ စနစ်ဆန်းသစ်တီထွင်မှုကို ဗဟိုချက်မအဖြစ်၊ စနစ်တကျ တံခါးဖွင့်လှစ်ရန် အရည်အချင်း မြင့်မားစွာ တွန်းအားပေးခဲ့ပြီး "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု"မှ တောင်ဘက်သို့ နိုင်ငံတကာ ကုန်းတွင်း-ပင်လယ်စင်္ကြံကို တည်ဆောက်ရန် အရည်အသွေး မြင့်မားစွာ တွန်းအားပေးခဲ့သည်။ ၎င်းသည် တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ခြင်း၊ RCEP စတင်အသက်ဝင်ခြင်း၊ ကူမင်းမြို့သည် မိုဟန်မြို့နယ်ကို ထိန်းသိမ်းခြင်းနှင့် စက်မှုလုပ်ငန်း လွှဲပြောင်းမှုကို လက်ခံခြင်း စသည့် အရေးကြီးသော အခွင့်အလမ်းများကို အမြန်လုရခဲ့ကာ နိုင်ငံအတွက် စနစ်များကို တက်ကြွစွာ စမ်းသပ်ပြီး ဒေသခံအတွက် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်၍  ပြုပြင်ပြောင်းလဲမှုကို ဘက်စုံနက်ရှိုင်းစွာ တစ်ဆင့်တိုးဖော်ဆောင်ရန်နှင့် တံခါးဖွင့်ခြင်းကို စဉ်ဆက်မပြတ် တိုးချဲ့ဆောင်ရွက်ရန် ကြားဖြတ်ရလဒ်များကို ရရှိခဲ့ကာ ၎င်းသည် နောက်နောင်တွင် "တောင်အာရှနှင့် အရှေ့တောင်အာရှသို့ မျက်နှာမူသည့် အပြန်အလှန် ဆက်သွယ်ချိတ်ဆက်ရာ အချက်အချာနေရာ၊ သတင်းအကြောင်းအရာများနှင့် ကုန်စည်ပို့ဆောင်ရေးစင်တာ၊ ယဉ်ကျေးမှုနှင့် ပညာရေးစင်တာကို တည်ဆောက်မှု" အတွက် ပိုမိုအားကောင်းသော ယုံကြည်မှုပေးမည် ဖြစ်သည်။

中文

8月30日,中国(云南)自贸试验区昆明片区迎来挂牌6周年。随后,《中国(云南)自由贸易试验区条例》从9月1日起施行,首次将国家“自贸提升战略”以地方立法的形式予以固化和落实,昆明高质量建设自由贸易试验区开启新征程——建设面向南亚东南亚“一枢纽两中心”。

6年来,昆明片区坚持发扬“大胆闯、大胆试、自主改”自贸精神,以制度创新为核心,高水平推进制度型开放,高质量推动“一带一路”南向国际陆海大通道建设。抢抓中老铁路通车、RCEP生效、昆明托管磨憨、承接产业转移等重大机遇,积极为国家试制度、为地方谋发展,取得全面深化改革、持续扩大开放的阶段性成果,为接下来“建设面向南亚东南亚的互联互通枢纽、信息物流中心和文化教育中心”注入了更强底气。(中文稿件来源:昆明信息港)

အယ်ဒီတာ:လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ:Xu Ting

展开导航

电话:0871-65390101 地址:云南省昆明市高新区科高路1999号高新孵化君浩大厦A座9楼

滇B2-20090009 Copyright © 2019-2022昆明信息港版权所有 All rights reserved

版权所有:昆明经开区融媒体中心、昆明信息港