你现在的位置:首页 > မြန်မာဘာသာ
၂၉၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်သို့ ပါဝင်လာသည့် ကိုယ်စားလှယ်များသည် ယူနန်၌ စုစည်း
来源:ရောင်စုံတိမ်တံတား时间:2025-09-10 10:01:02
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) စက်တင်ဘာလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ၂၉၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ကို ယူနန်ပြည်နယ်၌ ကျင်းပသည်။ နိုင်ငံနှင့်ဒေသ အခု ၁၁၀ မှ မီဒီယာ၊ Think Tank ၊ အစိုးရအဖွဲ့အစည်းနှင့် နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်း အခု ၂၆၀ ၏ ကိုယ်စားလှယ် အယောက်ပေါင်း ၅၀၀ ခန့်သည် "တောင်ပိုင်းဒေသ၏ အင်အားကို စုစည်း၍ ကမ္ဘာ့အပြောင်းအလဲများအား ကိုင်တွယ်စီမံခြင်း" ဟူသော ခေါင်းစဉ်ကို အဓိကထား၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖလှယ်ခဲ့ကြသည် ဖြစ်သည်။
ယခုအကြိမ် ဖိုရမ်တွင် ကမ္ဘာ့တောင်ဘက်ဒေသနိုင်ငံများ၏ မီဒီယာ၊ Think Tank၊ အစိုးရ၊ ကုမ္ပဏီလုပ်ငန်း စသည့်နယ်ပယ်များမှ ဧည့်သည်တော်များသည် ငြိမ်းချမ်းရေးသဘောတူညီချက်၊ ဖွံ့ဖြိုးရေးတွန်းအား၊ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းသစ်၊ ယဉ်ကျေးမှုတွေ့ဆုံဆွေးနွေးခြင်း စသည့် ကဏ္ဍ ၄ ရပ် ဆွေးနွေးမှုအကြောင်းအရာများကို ဗဟိုပြု၍ နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည် ဖြစ်သည်။ ဖိုရမ်ကျင်းပသည့် ကာလတွင် "'ကမ္ဘာ့တောင်ဘက်ဒေသ' မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ် ယူနန်သဘောတူညီချက်" ၊ "ခေတ်ကာလ၏ တောင်းဆိုသံကို တုံ့ပြန်၍ ကမ္ဘာ၏မေးခွန်းများအား ဖြေရှင်းမည်- တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့အတွေးအခေါ်ထုတ်ကုန် ပံ့ပိုးမှုနှင့် အကျိုးဆောင်မှု" Think Tank အစီရင်ခံစာ စသည့် ရလဒ် စာရွက်စာတမ်းများကို ထုတ်ပြန်ခဲ့သည် ဖြစ်သည်။
ယင်းမှာ "ကမ္ဘာ့တောင်ဘက်ဒေသ" မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ကို ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်သည်။ ယခုအကြိမ်ဖိုရမ်ကို ဆင်ဟွာသတင်းဌာန၊ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့မှ အတူတကွ ကြီးမှူးကျင်းပခြင်း ဖြစ်သည်။
9月5日至9日,2025“全球南方”媒体智库高端论坛在云南举行。来自全球110个国家和地区的260余家媒体、智库、政府机构及国际和地区组织的约500名代表,聚焦“聚南方力量 应世界变局”主题开展广泛交流。
本次论坛上,来自全球南方国家媒体、智库、政府、企业等领域的嘉宾,围绕和平共识、发展动能、合作新途、文明对话四个方面议题开展深入交流。论坛期间将发布《“全球南方”媒体智库高端论坛云南共识》《回应时代呼唤 解答世界之问——中国全球公共思想产品的供给与贡献》智库报告等成果文件。
这是“全球南方”媒体智库高端论坛第二次举行。本次论坛由新华通讯社、中共云南省委、云南省人民政府共同主办。