你现在的位置:首页 > မြန်မာဘာသာ

ယူနန်ရထားလမ်းပြတိုက်သည် အနှစ်တစ်ရာကျော်ရှိ ယူနန်ရထားလမ်းသမိုင်းကြောင်းကို ဖော်ပြ

来源:ရောင်စုံတိမ်တံတား时间:2025-07-29 10:27:32

1180510_700x700

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့) ယူနန်ရထားလမ်းပြတိုက်သည် ကူမင်းမြို့ ပေကျင်းလမ်းရှိ ကူမင်းမြောက်ပိုင်းဘူတာရုံထဲတွင် တည်ရှိပြီး "ဘူတာရုံပေါ်ရှိ ပြတိုက်" နှင့် "ပြတိုက်ထဲရှိ ဘူတာရုံ" ဟူသော ဂုဏ်သတ္တိနှစ်ခုစလုံး ပါဝင်သည့် သီးခြားပြတိုက်တစ်ခု ဖြစ်သည်။ ဤပြတိုက်သည် အနှစ်တစ်ရာကျော်ရှိသော ယူနန်ရထားလမ်း ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းဖြင့် အဓိကအကြောင်းအရာအဖြစ်၊ တစ်မီတာသံလမ်း၊ ၇၆၂ မီလီမီတာရထားလမ်းမှ စံချိန်မီရထားလမ်းသို့၊ ရေနွေးငွေ့စက်ခေါင်းမှ မြန်နှုန်းမြင့်ရထားသို့ ခုန်ပျံကျော်လွှား ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်ကို စနစ်တကျ ဖော်ပြထားပါသည်။

2025051777251df0a27f407497d1b1f5401b79e5_20250517f7749199c3894b9ab417ac936da2c0c5

တစ်နိုင်ငံလုံး လူငယ်များဆိုင်ရာ ပညာရေးအခြေခံစခန်း၊ တစ်နိုင်ငံလုံး ရထားလမ်းနှင့် ယူနန်ပြည်နယ် မျိုးချစ်စိတ်ဓာတ် ပညာရေးအခြေခံစခန်းနှင့် ယူနန်ပြည်နယ် ပေါ်ပြူလာသိပ္ပံ ပညာရေးအခြေခံစခန်းတို့ အနေဖြင့် ဤပြတိုက်သည် နှစ်စဉ်နှစ်တိုင်း လာရောက် လည်ပတ်ကြည့်ရှုရန် ခရီးသည် အများအပြားကို ဧည့်ခံလျက်ရှိသည်။ မြင်ကွင်း မူလရှိရင်းစွဲအတိုင်း ပြန်၍ ဖြစ်လာစေခြင်းနှင့် အပြန်အလှန် တွေ့ကြုံခံစားမှုအစီအစဉ်များ မှတဆင့် ပြတိုက်သည် သိပ္ပံနှင့်နည်းပညာဖြင့် တိုင်းပြည် ခိုင်မာစေသော စိတ်ဓာတ်နှင့် အနှစ်တစ်ရာကျော်ရှိ ရထားလမ်းယဉ်ကျေးမှုတို့ကို နက်ရှိုင်းစွာ ပေါင်းစပ်ကာ လည်ပတ်ကြည့်ရှုသူများအား ဘူတာရုံနှင့် ပြတိုက်တို့ ရောယှက်သော ဟင်းလင်းပြင်ထဲ၌ ယူနန်ရထားလမ်း၏ ကြီးမားသော ပြောင်းလဲတိုးတက်မှုကို တိုက်ရိုက်ခံစား စေပါသည်။

中文

云南铁路博物馆位于昆明市北京路昆明北火车站内,是一座兼具“车站上的博物馆”与“博物馆中的车站”双重属性的专题展馆。该馆以百年云南铁路发展史为主线,系统呈现了从米轨、寸轨到准轨,从蒸汽机车到高铁的跨越式演进历程。

2025051777251df0a27f407497d1b1f5401b79e5_20250517f7749199c3894b9ab417ac936da2c0c5

作为全国青少年教育基地、全国铁路和云南省爱国主义教育基地以及云南省科普教育基地,该馆每年都要接待众多游客前来参观游览。通过场景还原与互动体验项目,博物馆将科技强国精神与百年铁路文化深度融合,使参观者在车站与展馆交织的空间中,直观感知云南铁路的沧桑巨变。(新华社)


အယ်ဒီတာ:ကိုကိုမောင် တာဝန်ခံအယ်ဒီတာ:Xu Ting

展开导航

电话:0871-65390101 地址:云南省昆明市高新区科高路1999号高新孵化君浩大厦A座9楼

滇B2-20090009 Copyright © 2019-2022昆明信息港版权所有 All rights reserved

版权所有:昆明经开区融媒体中心、昆明信息港