你现在的位置:首页 > မြန်မာဘာသာ

လာအိုနိုင်ငံမှ သရက်သီးများကို တရုတ်-လာအို ရထားလမ်းဖြင့် တရုတ်နိုင်ငံသို့ ရောင်းချခဲ့

来源:ရောင်စုံတိမ်တံတား时间:2025-07-28 15:51:58

1180510_700x700

1928878_700x700

ဇွန်လ ၃ ရက်နေ့တွင် လာအိုနိုင်ငံမှ လတ်ဆတ်သော အရည်အသွေးမြင့် သရက်သီး တန်ချိန် ၅၀ ကျော်ကို ထိရောက်မြန်ဆန်သော တရုတ်-လာအို ရထားလမ်းမှ "လန်ချန်း-မဲခေါင် အမြန်လမ်း" နိုင်ငံတကာ ကုန်စည်ရထားဖြင့် ကူမင်းမြို့သို့ ပို့ဆောင်ရောက်ရှိခဲ့သည် ဖြစ်ကြောင်း သတင်းထောက်က China Railway Kunming Group Co., Ltd. မှ သတင်းရရှိခဲ့သည်။

1928879_700x700

တရုတ်-လာအို ရထားလမ်းမှ "လန်ချန်း-မဲခေါင် အမြန်လမ်း" နိုင်ငံတကာ ကုန်စည်ရထား၏ အချိန်သတ်ထားခြင်း၊ နေရာသတ်ထားခြင်း၊ လမ်းကြောင်းသတ်ထားခြင်းနှင့် ရထားအမှတ်စဉ် သတ်ထားခြင်း ဖြစ်သည့် ထူးခြားသော အားသာချက်များကို မှီခို၍ ဤသရက်သီးအသုတ်ကို အချိန် နာရီ ၅၀ ကြာ ထက်မနည်း ကုန်လွန်ခဲ့ပြီး ကီလိုမီတာ တစ်ထောင်ကျော် ဖြတ်ကျော်ပြီး လာအိုမှ ကူမင်းသို့ ချောချောမွေ့မွေ့ ပို့ဆောင်ရောက်ရှိခဲ့သည်။ ၎င်းသည် တရုတ်-လာအို ရထားလမ်းဖြင့် ဒူးရင်းသီးများနှင့် မင်းဂွတ်သီးများ စသည့် အရှေ့တောင်အာရှ  အပူပိုင်းဒေသ သစ်သီးဝလံများကို အောင်မြင်စွာ သယ်ယူပို့ဆောင်ပြီးနောက် သယ်ယူပို့ဆောင်သည့် "အဖွဲ့ဝင်အသစ်" နောက်တစ်ခုလည်း ဖြစ်သည်။

ပျက်စီးလွယ်သော၊ သယ်ယူပို့ဆောင်ရေး အခြေအနေအပေါ် တင်းကျပ်သော လိုအပ်ချက်များရှိသည့် အပူပိုင်းဒေသ သစ်သီးဝလံတစ်မျိုးအဖြစ် ရထားလမ်းဌာနသည် ခရီးစဉ်တစ်ခုလုံးတွင် အဆင့်မြင့် အအေးဓတ်ပေးကွန်တိန်နာများဖြင့် သရက်သီးများကို သယ်ယူပို့ဆောင်၍ ၄င်းတို့အတွက် အပူချိန်နှင့် စိုထိုင်းဆ တည်မြဲသော အရည်အသွေးမြင့် ပတ်ဝန်းကျင်ကို ဖန်တီးပေးကာ တရုတ်စားသုံးသူများကို လတ်လတ်ဆတ်ဆတ် သွင်းယူသော အပူပိုင်းဒေသ သစ်သီးဝလံများကို အမြန်ဆုံး မြည်းစမ်းစေနိုင်မည် ဖြစ်သည်။

ဤနှစ် ယခုအထိ တရုတ်-လာအို ရထားလမ်း၏ သစ်သီးဝလံ သယ်ယူပို့ဆောင်ရေး စုစုပေါင်းပမာဏသည် တန်ချိန် ၉.၄ သောင်း ရှိပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၂၄ ရာခိုင်နှုန်း တိုးလာခဲ့ကာ အားကောင်းသော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ပြသသည် ဖြစ်ကြောင်း သိရှိခဲ့သည်။

中文

记者从中国铁路昆明局集团有限公司获悉,6月3日,50余吨来自老挝的优质鲜芒果,搭乘高效快捷的中老铁路“澜湄快线”国际货物列车抵达昆明。

依托中老铁路“澜湄快线”国际货物列车定时、定点、定线、定车次的独特优势,这批芒果仅耗时不到50小时,便跨越千里距离,从老挝顺利抵达昆明。这也是继中老铁路成功运输榴莲、山竹等东南亚热带水果之后,新增运输又一新“成员”。

芒果作为一种易破损且对运输条件要求严苛的热带水果,铁路部门全程运用先进的冷藏集装箱进行运输,为芒果打造了恒温恒湿的优质环境,让中国消费者能够第一时间品尝到新鲜进口的热带水果。

据悉,截至目前,今年中老铁路水果运输量累计9.4万吨,同比增长24%,展现出强劲的发展势头。

အယ်ဒီတာ:ကိုကိုမောင် တာဝန်ခံအယ်ဒီတာ:Xu Ting

展开导航

电话:0871-65390101 地址:云南省昆明市高新区科高路1999号高新孵化君浩大厦A座9楼

滇B2-20090009 Copyright © 2019-2022昆明信息港版权所有 All rights reserved

版权所有:昆明经开区融媒体中心、昆明信息港