你现在的位置:首页 > မြန်မာဘာသာ
မေလမှစ၍ တရုတ်-လာအို ရထားလမ်းမှ သစ်သီးဝလံများ သယ်ယူပို့ဆောင်ရေး ပမာဏသည် နေ့စဉ်ပျမ်းမျှအားဖြင့် တန်ချိန် ၂၀၀၀ ကျော်ရှိ
来源:ရောင်စုံတိမ်တံတား时间:2025-05-26 00:00:00
မေလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် အပူပိုင်းဒေသ သစ်သီးဝလံ ၇၉၇ တန်ကို တင်ဆောင်ထားသော တရုတ်-လာအို ရထားလမ်း "လန်ချန်း-မဲခေါင် အမြန်လမ်း" နိုင်ငံတကာ ကုန်စည်ရထား တစ်စင်းသည် ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ဝန်ကျားယင်အနောက်ပိုင်းဘူတာရုံသို့ ချောချောမွေ့မွေ့ ရောက်ရှိခဲ့သည်။ တစ်ချိန်တည်းတွင် လာအိုနှင့် ထိုင်း စသည့် နိုင်ငံများမှ ဒူးရင်းသီးများနှင့် မင်းဂွတ်သီးများ ၇၀.၉ တန်၊ အခု ၄၀၀၀ နီးပါးကို တင်ဆောင်ထားသော တရုတ်-လာအို ရထားလမ်းမှ နိုင်ငံတကာ ကုန်စည်ရထား တစ်စင်းသည် ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ကျုံးယီကျေးရွာဘူတာရုံသို့ ရောက်ရှိခဲ့ကာ ဤအသုတ် ဒူးရင်းသီးမျိုးသည် အဓိကအားဖြင့် Jialun၊ ရွှေခေါင်းအုံးနှင့် မူဆန်ဘုရင် စသည့် ဈေးကွက်တွင် ရေပန်းစားသော အမျိုးအစားများ ဖြစ်သည်။ အမှုဝန်ထမ်းများမှ စစ်ဆေးပြီးနောက် အဆိုပါ ဒူးရင်းသီးများကို ကူမင်းမြို့ရှိ ကျင်းမာစျေးကွက်နှင့် တရုတ်ပြည်တွင်း အခြားမြို့များသို့ ဖြန့်ဝေတင်ပို့မည် ဖြစ်သည်။
မေလတွင် ဒူးရင်းသီးရောင်းကောင်းသော ရာသီချိန်၏ ရောက်ရှိသည် နှင့်အမျှ ထိုင်း၊ မလေးရှား၊ လာအို စသည့် နိုင်ငံများမှ ဒူးရင်းသီးများ၊ မင်းဂွတ်သီးများ စသည့် အပူပိုင်းဒေသ သစ်သီးဝလံများ သယ်ယူပို့ဆောင်ရေးပမာဏသည် အကြိမ်ကြိမ် စံချိန်တင်ခဲ့ကာ နေစဉ် ပျမ်းမျှအားဖြင့် သယ်ယူပို့ဆောင်ရေးပမာဏ တန်ချိန် ၂၀၀၀ ကျော်ရှိခဲ့သည်။ ဧပြီလဒုတိယဆယ်ရက်ပိုင်းမှ မေလဆန်းပိုင်းအထိ တရုတ်-လာအို ရထားလမ်း မှတစ်ဆင့် သယ်ယူပို့ဆောင်သည့် သစ်သီးဝလံ စုစုပေါင်းပမာဏသည် တန်ချိန် ၂ သောင်းကို ကျော်လွန်ခဲ့ကာ ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု၏ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ မြှင့်တင်ခဲ့သည်။
5月13日6时30分,一列满载797吨热带水果的中老铁路国际货运列车“澜湄快线”顺利抵达云南省昆明市王家营西站。与此同时,一列满载70.9吨近4000件来自老挝、泰国等地的榴莲、山竹,搭乘中老国际货运列车到达云南省昆明市中谊村站,这批榴莲主要品种为颇受市场欢迎的甲仑、金枕、猫山王等品种。经工作人员验果后,这批榴莲将会分拨运往昆明金马市场和国内其余城市。
随着5月榴莲旺季的到来,来自泰国、马来西亚、老挝多国的榴莲、山竹等热带水果运输量屡创新高,日均运输量超2000吨。仅4月中旬至5月初,通过中老铁路运输的水果总量就超过了2万吨,极大地促进了区域经贸合作的发展。