你现在的位置:首页 > မြန်မာဘာသာ

မေဒေး အားလပ်ရက်အတွင်း ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် သွားလာမှု ပမာဏသည် အကြိမ်ရေ  ၇.၅၉ သောင်းအထိ ရောက်ရှိခဲ့

来源:ရောင်စုံတိမ်တံတား时间:2025-05-14 15:23:04

缅甸语

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့) မေဒေး အားလပ်ရက်အတွင်း မေလ ၅ ရက်နေ့ ၂၄ နာရီအထိ တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် လူအယောက်ပေါင်း ၇.၅၉ သောင်းနှင့် ပြည်ဝင်ပြည်ထွက် သယ်ယူပို့ဆောင်ရေးယာဉ် အစင်းပေါင်း ၈၆၀၀ ကျော်ကို စစ်ဆေးခွင့်ပြုခဲ့ကာ နေ့စဉ်ပျမ်းမျှ ပြည်ဝင်ပြည်ထွက် လူဦးရေသည် အားလပ်ရက်မဟုတ်သော ကာလများနှင့် နှိုင်းယှဉ်ပါက ၂၈ ရာခိုင်နှုန်းကျော် တိုးလာကာ ပြည်ဝင်ပြည်ထွက် လူဦးရေသည် အလုံးစုံ တည်ငြိမ်စွာ တိုးလာသည့် အနေအထားကို ပြသခဲ့သည် ဖြစ်ကြောင်း မေလ ၆ ရက်နေ့တွင် ရွှေလီ ပြည်ဝင်ပြည်ထွက် နယ်စပ်စစ်ဆေးရေးဂိတ်မှ သိရှိရခဲ့သည်။

20250506181917HG4HDV

ရွှေလီဆိပ်ကမ်းသည် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံပြည်သူများအကြား နေ့စဉ်ကူးလူးဆက်ဆံမှုနှင့် အပြန်အလှန် ဖလှယ်ခြင်းအတွက် အရေးပါသော နှောင်ကြိုး ဖြစ်ပြီး တရုတ်ပြည်တွင်း ရှိနေသော်လည်း အပြင်ပိုင်းဒေသအဖြစ် ထင်မှတ်ခံသည့် ထူးခြားသော ကုန်သွယ်ရေးမူဝါဒသည်လည်း ၄င်းကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသတွင် အရေးကြီးသော လူစီးဆင်းမှု၊ ကုန်စည်စီးဆင်းမှုနှင့် သတင်းအချက်အလက်စီးဆင်းမှုတို့၏ သွင်းယူဖြန့်ဖြူးရာနေရာအား ဖြစ်လာစေသည်၊ တစ်ချိန်တည်းမှာပင် ၄င်း၏ ထူးခြားသော တည်နေရာအားသာချက်များနှင့် တိုင်းရင်းသားယဉ်ကျေးမှုများကြောင့် နေရာအသီးသီးမှ ခရီးသည်များကိုလည်း လာရောက် လည်ပတ်ကြည့်ရှုရန် ဆွဲဆောင်လျက်ရှိသည်။ မေဒေး အားလပ်ရက်အတွင်း အများပြည်သူ၏ ပြည်ဝင်ပြည်ထွက် လိုအပ်ချက်ကို ဆက်လက်ထုတ်လွှတ်ခဲ့ပြီး ပြည်ဝင်ပြည်ထွက် ခရီးသည်များသည် အဓိကအားဖြင့် ပြည်ထွက် ဆွေမျိုးနှင့် မိတ်သင်္ဂဟများအား သွားရောက်ကြည့်ရှုတွေ့ဆုံခြင်းနှင့် ပြည်ဝင် လည်ပတ်ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။


中文

5月6日,瑞丽出入境边防检查站对外发布消息:截至5月5日24时,五一假期中缅边境瑞丽口岸共查验出入境人员7.59万人次,出入境交通运输工具8600余辆次,日均出入境人次相比非节假日期间增加28%以上,出入境客流总体呈稳步增长态势。

20250506181917HG4HDV

瑞丽口岸是中缅民众日常往来、双向交流的关键纽带,境内关外特殊的贸易政策也使其成为中国西南地区重要的人流、物流、信息流集散地,同时也凭借其独特的区位优势以及民族文化吸引各地游客前来游玩打卡。“五一”假期期间广大民众出入境需求持续释放,出入境旅客主要以出境探亲访友以及入境观光旅游为主。(开屏新闻 记者马楠 通讯员高运畅治 唐宬尧)

အယ်ဒီတာ:ကိုကိုမောင် တာဝန်ခံအယ်ဒီတာ:Xu Ting

展开导航

电话:0871-65390101 地址:云南省昆明市高新区科高路1999号高新孵化君浩大厦A座9楼

滇B2-20090009 Copyright © 2019-2022昆明信息港版权所有 All rights reserved

版权所有:昆明经开区融媒体中心、昆明信息港