你现在的位置:首页 > မြန်မာဘာသာ

ယူနန်ရထားလမ်းသည် မြွေနှစ်တွင် ပထမဆုံး အလုပ်သမားဆိုင်ရာ အထူးရထားကို ဖွင့်လှစ်ပြေးဆွဲခဲ့

来源:ရောင်စုံတိမ်တံတား时间:2025-02-14 15:37:47

缅甸语

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ယူနန်ရထားလမ်းမှ ပထမဆုံး အလုပ်သမားဆိုင်ရာ အထူးရထားသည် ယူနန်ပြည်နယ် ကွမ်နန်ခရိုင်ရှိ ဘူတာရုံမှ စတင်ထွက်ခွာ၍ ကွမ်ကျူးမြို့သို့ ပြေးဆွဲခဲ့သည်။ နွေဦးပွဲတော် အားလပ်ရက်ပြီးဆုံးပြီးနောက် ယူနန်ပြည်နယ်ရှိ အပြင်ထွက်သည့် အလုပ်သမားများ၏ ခရီးသွားလာမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့်အတွက် ယူနန်ပြည်နယ်သည် အစိုးရမှ ဝန်ဆောင်မှုများ ဝယ်ယူခြင်း၊ အထူးရထားကို ဖွင့်လှစ်ခြင်းနှင့် အလုပ်သမားများ အခမဲ့ ရထားစီးခြင်း ဟူသော နည်းလမ်းများဖြင့် အပြင်ထွက်သည့် အလုပ်သမားများကို လုပ်ငန်းခွင်များသို့ ပြန်လည်သွားနိုင်ရန် ကူညီပေးခဲ့သည်။ ယူနန်ရထားလမ်းသည် သယ်ယူပို့ဆောင်ရေး စွမ်းရည်ကို ဆက်လက် တိုးဖြည့်ပေးပြီး ရှန်ဟိုင်းနှင့် ရှန်ကျန်း စသည့် နေရာများသို့ ပြေးဆွဲသွားသည့် အလုပ်သမားဆိုင်ရာ အထူးရထားများကို ရှေ့စဉ်နောက်ဆက် ခုတ်မောင်းမည် ဖြစ်ကာ အလုပ်သမားများအတွက် လွယ်ကူလျင်မြန်သော ခရီးသွားလာမှု ဝန်ဆောင်မှုများကို ထောက်ပံ့ပေးမည်။

2

中文

2月5日,云南铁路蛇年首趟务工专列从云南省广南县站启程,开往广州。据了解,为满足春节假期结束后云南外出务工人员的出行需求,云南采取政府购买服务、铁路开行专列、务工人员免费乘车的方式,帮助外出务工人员快速返岗。云南铁路还将继续加大运力投入,陆续开行前往上海、深圳等方向的多趟务工专列,为务工人员提供便捷高效的出行服务。(彭奕凯 摄)

2



အယ်ဒီတာ:ကိုကိုမောင် တာဝန်ခံအယ်ဒီတာ:Xu Ting

展开导航

电话:0871-65390101 地址:云南省昆明市高新区科高路1999号高新孵化君浩大厦A座9楼

滇B2-20090009 Copyright © 2019-2022昆明信息港版权所有 All rights reserved

版权所有:昆明经开区融媒体中心、昆明信息港