你现在的位置:首页 > မြန်မာဘာသာ

ယူနန်ရထားလမ်းတွင် တစ်နှစ်တာ သယ်ယူပို့ဆောင်သည့် ခရီးသည် အ‌ရေအတွက်သည် သန်းပေါင်း ၁၀၀ ကို ပထမအကြိမ် ကျော်လွန်

来源:ရောင်စုံတိမ်တံတား时间:2024-12-27 13:32:41

缅甸语

1772159_2048x2048

(ရောင်စုံတိမ်တံတား ခင်ခင်ယခုနှစ်မှစ၍ ယူနန်ပြည်နယ်၏ ခရီးသွားဈေးကွက်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ဆက်လက် တိုးတက်ကောင်းမွန်လာသည် ဖြစ်၍ ပြည်သူများသည် ခရီးသွားခြင်းအပေါ် ဆန္ဒပြင်းပြကြကာ ရထားစီးသည့် ခရီးသည်များမှာ သိသိသာသာ တိုးများလာနေသည်။ စာရင်းဇယားများအရ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ China Railway Kunming Group Co.,Ltd. သည် ခရီးသည် သန်းပေါင်း ၁၀၀.၂၁ ကို ပို့ဆောင်ခဲ့ပြီး မနှစ်ကအချိန်တူကာလထက် ၁၂ ရာခိုင်နှုန်း တိုးပွားလာသည် ဖြစ်၍ တစ်နှစ်တာ သယ်ယူပို့ဆောင်သည့် ခရီးသည် အ‌ရေအတွက်သည် သန်းပေါင်း ၁၀၀ ကို ပထမအကြိမ် ကျော်လွန်ပြီး သမိုင်းစံချိန်သစ် တင်ခဲ့သည် ဖြစ်သည်။

1772160_2048x2048

ခေတ်မီသော သယ်ယူပို့ဆောင်ရေးယာဉ်များ၏ ကိုယ်စားပြုယာဉ်အနေဖြင့် မြန်နှုန်းမြင့်ရထားနှင့် ကျည်ဆန်ရထားတို့သည် ၎င်း၏ လွယ်ကူခြင်းနှင့် နေသာထိုင်သာရှိခြင်းတို့ကြောင့် ခရီးသည်အများအပြား၏ နှစ်သက်မှု ရရှိနေသည်။ လက်ရှိအချိန်တွင် မြန်နှုန်းမြင့်ရထားနှင့် ကျည်ဆန်ရထားတို့သည် ယူနန်ပြည်နယ်ရှိ ပြည်နယ်နှင့်မြို့ပေါင်း ၁၆ ခုထဲမှ ၁၄ ခုသို့ ရောက်ရှိနိုင်ပြီး အထူးသဖြင့် ကူမင်း၊ တာ့လီ၊ လိကျန်း၊ ဆစ်ဆောင်ပန်းနားနှင့် တီချင့် စသည့် လူကြိုက်များသော ခရီးသွားနေရာများကို လွှမ်းခြုံထားကာ ခရီးသည်များအတွက် ပိုမိုများပြားသော ခရီးသွားရွေးချယ်ချက်များကို ပေးထားကြသည်။

1772161_2048x2048

1772162_2048x2048

1772163_2048x2048

1772164_2048x2048

1772165_2048x2048



中文

1772159_2048x2048

昆明信息港讯 记者上官艳君 今年以来,云南旅游市场和经济发展持续繁荣,民众出行意愿强烈,带动了铁路客流的显著增长。据统计,今年1月1日至12月15日,中国铁路昆明局集团有限公司累计发送旅客1.0021亿人次,同比增长12%,年度旅客发送量首次超1亿人次大关,创历史新高。

1772160_2048x2048

高铁动车作为现代交通工具的代表,其便捷性和舒适性深受广大旅客喜爱。目前,高铁动车已通达云南16个州市中的14个,特别是覆盖了昆明、大理、丽江、西双版纳、迪庆等热门旅游城市,为旅客提供了更加多样化的出行选择。

1772161_2048x2048

1772162_2048x2048

1772163_2048x2048

1772164_2048x2048

1772165_2048x2048


အယ်ဒီတာ:ကိုကိုမောင် တာဝန်ခံအယ်ဒီတာ:Xu Ting

展开导航

电话:0871-65390101 地址:云南省昆明市高新区科高路1999号高新孵化君浩大厦A座9楼

滇B2-20090009 Copyright © 2019-2022昆明信息港版权所有 All rights reserved

版权所有:昆明经开区融媒体中心、昆明信息港