你现在的位置:首页 > မြန်မာဘာသာ
ဇန်နဝါရီလတွင် တရုတ်-ဗီယက်နမ် ဆိပ်ကမ်းများတွင် ရထားလမ်းမှ ပြည်ဝင်ပြည်ထွက် သယ်ယူပို့ဆောင်ရေးပမာဏသည် ၁၀၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့
来源:ရောင်စုံတိမ်တံတား时间:2024-03-04 15:33:57
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဤနှစ် ဇန်နဝါရီလတွင် ပြည်ဝင်ပြည်ထွက် ရထား ၁၅၁ စင်း၊ ကုန်ပစ္စည်း အတန် ၃.၄၉ သောင်းသည် တရုတ်-ဗီယက်နမ် ရထားလမ်းဆိပ်ကမ်း ဖြစ်သည့် စန်းယောင်းနယ်စပ်ဆိပ်ကမ်းမှ(သို့) ထွက်ခွာ(ရောက်) ခဲ့ကြ၍ ၄င်းသည် လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၁၀၀.၉ ရာခိုင်နှုန်း တိုးလာခဲ့၍ ကန့်ကျောက်များ၊ သံကျောက်များနှင့် ကုတ်မီးသွေး စသည့် ကုန်ပစ္စည်းများသည် တရုတ်-ဗီယက်နမ် ဆိပ်ကမ်းများတွင် လျင်မြန်စွာ လှည့်လည်ခဲ့ကြောင်း သတင်းထောက်က China Railway Kunming Group Co.,Ltd. မှ သိရှိရခဲ့သည်။
လွန်ခဲ့သည့်နှစ် အချိန်တူကာလနှင့် နှိုင်းယှဉ်လျှင် တရုတ်-ဗီယက်နမ် ရထားလမ်းဆိပ်ကမ်းများတွင် ကုတ်မီးသွေးများ တင်ပို့ခြင်းနှင့် သံကျောက်များ တင်သွင်းခြင်း ဖြစ်သည့် အရေအတွက် များပြားသော သယ်ယူပို့ဆောင်ရေး အမျိုးအစား ၂ ခုကို တိုးလာခဲ့ကာ ဤနှစ်အစပိုင်း မှစ၍ ရထားလမ်းဆိပ်ကမ်းများမှ သယ်ယူပို့ဆောင်ရေးပမာဏကို ပိုမိုတိုးမြှင့်စေသည်။ အခုအချိန်တွင် စန်းယောင်းနယ်စပ်ဆိပ်ကမ်းတွင် အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့ဆောင်ရေး အသွားအပြန် ရထား ၃ ကြိမ် ကို နေ့စဉ်မောင်းနှင်၍ ၄င်းသည် နှစ်နိုင်ငံ လုပ်ငန်းများ၏ ထုတ်လုပ်မှု လိုအပ်ချက်များအတွက် ပြည့်စုံသော သယ်ယူပို့ဆောင်ရေး စွမ်းအားများ ပေးသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့အထိ တရုတ်-ဗီယက်နမ် ရထားလမ်းဆိပ်ကမ်းများမှ ကုန်ပစ္စည်း တန်ပေါင်း ၃.၄၉ သောင်းကို သယ်ယူပို့ဆောင်ခဲ့၍ ၄င်းတို့အနက် တန်ချိန် ၃.၁၂ သောင်း သယ်ယူပို့ဆောင်သည့် ပြည်ဝင်ရထား ၇၅ စင်းနှင့် ၃၇၃၉ တန် သယ်ယူပို့ဆောင်သည့် ပြည်ထွက်ရထား ၇၆ စင်းတို့ ပါဝင်ခဲ့သည်။ တစ်မီတာအကျယ် ရထားလမ်းဖြင့် နိုင်ငံဖြတ်ကျော်၊ နယ်စပ်ဖြတ်ကျော်၊ တိုက်ကြီးကြား သယ်ယူပို့ဆောင်ရေးလမ်းသည် ကျွန်ုပ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများကြား အပြန်အလှန်ဆက်သွယ်ရန် လွယ်ကူလျင်မြန်သော လမ်းကြောင်း ဖြစ်လာနေပြီ ဖြစ်သည်။
记者从中国铁路昆明局集团有限公司获悉,今年1月,中越铁路口岸山腰国境站累计到发出入境列车151列、货物3.49万吨,较去年同期增长100.9%,硫磺、铁矿、焦炭等货物在中越口岸快速流转。
相较去年同期,中越铁路口岸增加了焦炭出境和铁矿石入境两个大宗运输品类,进一步提升了开年以来的铁路口岸运量。目前,山腰国境站每日开行国际联运列车3对,为两国企业生产需求提供了充足运力。
截至1月31日,中越铁路口岸累计运输货物3.49万吨,其中入境75列、3.12万吨,出境76列、3739吨,米轨铁路跨国、跨境、跨洲际运输通道,已成为我国与东南亚国家间互联互通便捷通道。(中文稿件来源:云南日报 记者李承韩 通讯员刘昊亮)