你现在的位置:首页 > မြန်မာဘာသာ

ပထမဆုံး "တရုတ်-လာအို ရထားလမ်း + တရုတ်-ဥရောပ ရထား" နယ်စပ်ဖြတ် ကုန်တင်ရထားသည် အောင်မြင်စွာ ခုတ်မောင်း

来源:ရောင်စုံတိမ်တံတား时间:2023-07-20 00:00:00

缅甸语

1455923_2048x2048

(ရောင်စုံတိမ်တံတား ခင်ခင်ဇူလိုင်လ ၂ ရက်နေ့တွင် မော်တော်ယာဉ် အပိုပစ္စည်း တစ်သုတ်ကို ထိုင်းနိုင်ငံမှ စတင်ပို့ဆောင်ပြီးနောက် တရုတ်-လာအို ရထားလမ်း နိုင်ငံတကာ ကုန်တင်ရထားဖြင့် ပို့ဆောင်ပြီးနောက် မိုဟန်ရထားလမ်း နယ်စပ်ဂိတ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံသို့ ဝင်ရောက်ပြီးနောက် အကောက်တော်ရုံးမှ ဖြတ်သန်းခွင့်ပြုလုပ်ငန်းစဉ်များ ပြီးဆုံးအောင် ဆောင်ရွက်ပြီးနောက် ချိန်တူးမြို့သို့ ရွှေ့ပြောင်းပို့ဆောင်ခဲ့သည်၊ ဇူလိုင်လ ၇ ရက်နေ့တွင် ချိန်တူးမြို့၌ တရုတ်-ဥရောပ ရထားဖြင့် အားလားဆန်းခို ရထားလမ်းဂိတ် မှတစ်ဆင့် တရုတ်နိုင်ငံမှ ထွက်ခွာပြီးနောက် ကာဇက်စတန်၊ ဘိုင်လိုရုရှားနှင့် ပိုလန်နိုင်ငံစသည့် နိုင်ငံများကို ဖြတ်ကျော်ကာ ဟန်ဂေရီနိုင်ငံ ဘူဒါပက်(စ)မြို့သို့ ရောက်ရှိခဲ့သည်။ ၎င်းသည် "တရုတ်-လာအို ရထားလမ်း + တရုတ်-ဥရောပ ရထား" ပုံစံဖြင့် နယ်စပ်ဖြတ် ပို့ဆောင်သည့် ပထမဆုံး ကုန်တင်ရထား ဖြစ်သည်။

"တရုတ်-လာအို ရထားလမ်း + တရုတ်-ဥရောပ ရထား" ပုံစံဖြင့် ပြည်ပကုန်ပစ္စည်းများကို တရုတ်နိုင်ငံတွင်း ရထားလမ်း တစ်လျှောက်လုံးဖြင့် ပို့ဆောင်နိုင်၍ ယခင်က ပင်လယ်ပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းမကြီးမှ တရုတ်-ဥရောပ ရထားသို့ ပြောင်းလဲပို့ဆောင်ရေးတို့နှင့် နှိုင်းယှဉ်ပါက ကုန်စည်ပို့ဆောင်ရေးအချိန်မှာ ၁၅ ရက်မှ ၂၀ ရက်အထိ ချွေတာနိုင်ကြောင်းဟု ကူမင်းအကောက်တော်ရုံး အောက်ရှိ မုန်လခရိုင်အကောက်တော်ဌာနမှ ရထားလမ်းဂိတ် ကြီးကြပ်ရေးဌာနစိတ်၏ တာဝန်ရှိသူ မိတ်ဆက်ပေးခဲ့သည်။

ဤကုန်ပစ္စည်းတစ်သုတ်ကို တရုတ်နိုင်ငံတွင်း အခွန်တော် စည်းကြပ်ရေးအစီအစဉ်များအား အဆင်ပြေစွာ၊ လျင်မြန်စွာ ပြီးဆုံးစေနိုင်ရန် အာမခံချက်ရှိစေသည့်အတွက် ကူမင်းအကောက်တော်ရုံးသည် ရထားလမ်းဌာနနှင့် သက်ဆိုင်ရာကုမ္ပဏီများကို နီးကပ်စွာ ဆက်သွယ်ပြီး နက်ရှိုင်းစွာ ကွင်းဆင်းလေ့လာ၍ ကုမ္ပဏီများ၏ လိုအပ်ချက်များကို နားလည်ကာ အစီရင်ခံချက်တင်ပြသည့် ကုမ္ပဏီများကို တစ်ဦးအပေါ် တစ်ဦးလမ်းညွှန်ပေးပြီး နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းများအတွက် စည်းကြပ်ရေးအစီအစဉ်များ လျော့နည်းခြင်း၊ စာရွက်မလို ပြည်ဝင်နိုင်ခြင်းနှင့် မြန်မြန်ဝင်ခြင်းစသည့် အဆင်ပြေဝန်ဆောင်မှုများ ပေးခဲ့သည်။ ထို့ပြင် ကူမင်းအကောက်တော်ရုံးသည်  ချိန်တူး၊ ဝူလူမှုချီမှ အကောက်တော်ရုံးအကြားရှိ ညှိနှိုင်းဆောင်ရွက်မှုနှင့် ဆက်သွယ်မှုများကို အားကောင်းစေ၍ နည်းပညာမြင့်မားသော ကြီးကြပ်စစ်ဆေးရေးကိရိယာများကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် လုပ်ငန်းစဉ်တစ်ခုလုံးကို ကြီးကြပ်နိုင်ရေး၊ ချိတ်ဆက်နိုင်ရေးနှင့် အာမခံချက်ရှိစေရေးတို့ကို အကောင်အထည်ဖော်နိုင်သည်။

中文

7月2日,一批汽车配件从泰国组织发运,通过中老铁路国际货物列车运输,经磨憨铁路口岸入境,办理完海关过境手续后转关运输至成都,7月7日从成都搭乘中欧班列,之后将从阿拉山口铁路口岸运输出境,途经哈萨克斯坦、白俄罗斯、波兰等国家后到达匈牙利布达佩斯。这是首趟以“中老铁路+中欧班列”模式运输过境的货物列车。

昆明海关所属勐腊海关铁路口岸监管科负责人介绍,通过“中老铁路+中欧班列”模式,境外货物可在中国境内全线铁路运输,较传统海运和公路转中欧班列运输方式可节约物流时间15至20天。

为保障该批货物在中国境内顺利高效通关,昆明海关密切联系铁路部门和运营企业,深入开展调查研究,了解企业需求,对申报企业进行“一对一”指导,对过境货物给予优化过境手续、全程无纸化通关和快速通关等便利措施。同时,昆明海关加强与成都海关、乌鲁木齐海关的关际协调沟通,结合高科技监管查验设备的应用,实现全过程监管和联动保障。(中文稿件来源:云南网 )


အယ်ဒီတာ:ခင်ခင် တာဝန်ခံအယ်ဒီတာ:Xu Ting

展开导航

电话:0871-65390101 地址:云南省昆明市高新区科高路1999号高新孵化君浩大厦A座9楼

滇B2-20090009 Copyright © 2019-2022昆明信息港版权所有 All rights reserved

版权所有:昆明经开区融媒体中心、昆明信息港